Author Archives: Thu Thu Han

  • ရန်ကုန်တိုင်းဒေသကြီး (ဗဟိုသိုလှောင်ရုံ)နှင့် ဦးစီးမှူးရုံးသစ် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်သည်( ၂၂-၉-၂၀၂၁ ) ရက်နေ့ (၀၈း၀၀) နာရီအချိန်တွင် ဗဟိုသိုလှောင်ရုံ (ရန်ကုန်)မှ သိုလှောင်ရုံမှတ်(၅)၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လွှဲပြောင်းရရှိခဲ့သော သိုလှောင်ရုံအမှတ် (၆/၉/၁၀)တို့နှင့် ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးသစ် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #warehouse #ygn_sep2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၁)ရက်နေ့တွင် (၁၀:၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ‌ခလွန်ကျေးရွာနှင့် ကမ်းနီကျေးရွာတို့တွင် နေထိုင်သောပြည်သူများအား Covid-19 ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ ရှောင်ရန်အချက်များကို Hand Speaker တို့ဖြင့်လှည့်လည်အသိပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_sep2021 Source: ကျိုက်ထိုမြို့နယ်ဦးစီမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၉-၂၀၂၁)ရက်နေ့၊ (၁၂:၀၀)နာရီချိန်မှ (၁၅:၃၀)နာရီချိန်ထိ ဘားအံမြို့နယ်၊ ကမော့ကစင်ကျေးရွာ၊ ရဲသာကျေးရွာ၊ ကော့ကဒစ်ကျေးရွာ၊ ကော့မရမ်းကျေးရွာ၊ ကော့မရမ်းကျေးရွာ၊ ဒုံရင်းကျေးရွာ၊ တော်ပုံကျေးရွာ၊ ကော့မူးနုတ်ကျေးရွာ၊ မွန့်ဆရီကျေးရွာ၊ ဒုံသို့ကျေးရွာများသို့ သွားရောက်၍ ပြည်သူများအား COVID-19 လော်စပီကာဖြင့် အသိပညာပေးဆောင်ရွက်ခဲ့ပြီး ဗီနိုင်းများဖြန့်ဝေခြင်းပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyn_sep2021 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၁-၉-၂၀၂၁) ရက်နေ့၊ (၀၈း၀၀) အချိန်မှ (၁၁း၃၀) အချိန်အထိမော်တော်ယာဥ်ဖြင့်လှည့်လည်၍မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာ၊ ငှက်ပျောတုံးကျေးရွာ၊ ဆင်ကျွန်းကျေးရွာ၊ ကျားကျွန်းကျေးရွာ၊ မိုးသီတာကျေးရွာ၊ ပေါက်ကုန်းကျေး ရွာ၊ ရှောက်ပင်ကွင်းကျေးရွာနှင့်ဗောဓိကုန်းကျေးရွာတို့တွင် COVID-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လိုက်နာဆောင်ရွက်ရန်အချက်များအားလည်းကောင်း၊ သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များအားလည်းကောင်း မြို့နယ်ပြန်/ဆက်နှင့် ပူးပေါင်း၍ အသိပညာပေးဆော်ဩခဲ့ပြီး ပြည်သူလူထုအား Surgical Mask နှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများးသည် (၂၀-၉-၂၀၂၁)ရက်နေ့တွင် (၀၉:၃၀) အချိန်မှ(၁၂:၀၀)အချိန်အထိ ထန်းတပင်မြို့နယ်၊ အောင်ချမ်းသာရပ်ကွက် အောင်သုခရပ်ကွက်နှင့် အောင်မင်္ဂလာရပ်ကွက်အတွင်း Covid-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူသိရှိ လိုက်နာရန်အချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေး လက်ကမ်းစာစောင်များ၊ Surgical Maskများကို ပြည်သူလူထုများထံ ဝေငှခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_sep2021 Source: တောင်ငူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ငါးသိုင်းချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅. ၉ .၂၀၂၁)ရက်နေ့ (၁၃း၀၀) နာရီအချိန်မှ (၁၄း၃၀)နာရီ အချိနိအထိ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ငဝန်မြစ်ကမ်းတွင် သဘာဝဘေးကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းအား မြို့နယ်စီမံအုပ်ချုပ်​ ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ဆည်​မြောင်းဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #simex #ayy_sep2021 Source: ငါးသိုင်းချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်‌ရောဂါ အသိပညာပေးသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်​နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးအနေဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်လူမှုရေးအသင်းအဖွဲ့များ နှင့်ပူးပေါင်းပြီး လားရှိုးမြို့နေပြည်သူများ COVID-19 ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုသောလမ်းများ ရပ်ကွက်များသို့ လှည့်လည်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Stay at Home မြို့များအတွက်ထုတ်ပြန်ထားသော အသိပညာပေး စာသားများကို ဖတ်ကြားခြင်းနှင့် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို (၅.၉.၂၀၂၁)ရက်နေ့၌ ပြည်​ထောင်စုလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2021 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးထောက်ပံ့ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သာယာဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၉-၂၀၂၁)ရက်နေ့၌ သာယာတီမြို့နယ်၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင်ဖြစ်ပွားသော ကမ်းပြိုဘေးမှ ပြိုလဲနေအိမ်(၁၀) လုံး၊ လူဦးရေ(၃၇)ဦး တို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၇၇၇၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၇၇၇၀၀)ကျပ်နှင့် ကယ်ဆယ်​ရေးပစ္စည်း(၁၆)မျိုးပါ (၁၀)အိမ်ထောင်စုစာတို့အား (၅-၉-၂၀၂၁)ရက်နေ့ (၁၀း၀၀)နာရီ အချိန်တွင် ဘေးဖြစ်ပွားရာစံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာတွင်မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာယာဝတီ မြို့နယ်ရဲစခန်းမှူး၊ ရပ်ကျေးစာရေး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖများနှင့်အတူ ဘေးဖြစ်ပွားသူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_sep2021 Source: သာယာဝတီခရိုင်ဦးစီးမှူးရုံး … Read more

  • မြစ်ရေကြီးခြင်းသတိပေးချက်

    မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၅.၉.၂၀၂၁) ရက်နေ့တွင် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါတယ်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ပေဝက်ခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၃)ရက် အတွင်းယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events