Author Archives: Thu Thu Han

  • Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည် ဟောပြောမှုသတင်

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ ၊ မော်ဖောင်းလော်ဝေါ်နှစ်ခြင်း IDPs စခန်း၊ မော်ဖောင်းခါနန်နှစ်ခြင်း IDPs စခန်း၊ နန်းကွေ့စိန်ယောဟန် IDPs စခန်း၊ စီတာပူနှစ်ခြင်း IDPs စခန်းများရှိ အိမ်ထောင်စု စုစုပေါင်း(၁၂၈) စုအတွက် ဆပ်ပြာတောင့် (၁၂၈) တောင့်အားပေးဝေခဲ့ပြီး  အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည် … Read more

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ (၃၁-၃-၂၀၂၀) ရက်နေ့တွင် ဇီးကုန်းကျေးရွာ၊ ကျောက်အိုးကျေးရွာ၊ အံ့စရာကျေးရွာ တို့တွင် Covid-19 ကြိုတင်ကာကွယ်ရေး အသိပညာပေး ကြေငြာခြင်း၊ လက်ကမ်းများဖြန့်ဝေခြင်း၊ အများပြည်သူများ မြင်သာသော နေရာများတွင် စာစောင်များကပ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_apr2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀)ရက်နေ့တွင် ချောက်မြို့နယ်အတွင်းရှိ ကျောက်တန်း ကျေးရွာသို့ ပြန်လည်ရောက်ရှိလာသော နေရပ်ပြန်များကို covid 19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီ အဖွဲ့နှင့်အတူ covid 19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀)ရက်နေ့တွင် ချောက်မြို့နယ်အတွင်းရှိ အမှတ်(၁၁)၊ အမှတ်(၁၂)၊ အမှတ်(၁၃)၊ အမှတ်(၁၄)နှင့် အမှတ်(၁၅)ရပ်ကွက်များသို့ covid 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_apr2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀)ရက်နေ့ (၁၄၃၀)အချိန်၌ မိုးကောင်းမြို့နယ်၊ နောင်ကိုင်တော်ရပ်ကွက်၊ မဟောင်နှစ်ခြင်းဘုရားကျောင်း IDPsစခန်းရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ လိုက်နာရမည့်အချက်များ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် စခန်းရှိအိမ်ထောင်စု(၁၅)စုအတွက် (၁)စုလျှင် ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် (၁၅)တောင့် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #kcn_mar2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့နံနက်(၀၅း၀၀)တွင် ပခုက္ကူမြို့၌ မြို့နယ်ဌာန ဆိုင်ရာများ၊ CSOများ၊ ကြက်‌ခြေနီအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ပခုက္ကူမြို့အဝင်အထွက် ယာဉ်လိုင်းများတွင်ပါရှိသော ခရီးသည်များအားအား Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ အပူချိန်တိုင်းခြင်း၊ စာရင်းများကောက်ယူခြင်း၊  အသိပညာနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mgy_mar2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ် ပန်းပဲတန်းရပ်ကွက်၊ မရမ်းကုန်းရပ်ကွက်၊ ဘိုကုန်းရပ်ကွက်၊ မောင်ငံရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ မြေနီကုန်ရပ်ကွက် များတွင် Covid-19 ကူးစက်ရောဂါနှင့် ပက်သတ်၍ အသိပညာပေး ကြေညာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_mar2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)မှ တာဝန်ရှိသူများသည် (၃၁.၃.၂၀၂၀)ရက်နေ့ (၃း၀၀)နာရီအချိန်တွင် လွိုင်လင်မြို့ နယ်၊ နောင်ဟူးကျေးရွာ၊ ဝမ်လုံကျေးရွာတို့၌ Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များ၊ ညွှန်ကြားချက်များ၊ ဥပဒေများကို ကျေးရွာမိဘပြည်သူများကို အသိပညာပေး  ပန်ကြားခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_Mar2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့  (၁၀:၀၀)နာရီမှ စတင်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်အုပ်စု ဒေါက်ရပ်ကျေးရွာ၊ ခဲမောက် ကျေးရွာ၊ တက်တူကုန်းကျေးရွာ၊ ရွှေအင်ဒုံကျေးရွာနှင့် တောင်ကလေးကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးကြေငြာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_Mar2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့ဝင်/ထွက်၊ မုံကွန်ကျေးရွာ ကြံခင်း နှင့် ဖာလင်းကျေးရွာတို့၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့် အချက်များ ကို  အသိပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #shn_Mar2020

Sign Up

Upcoming Events