Author Archives: Thu Thu Han

  • ရေဘေးထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့်အတူ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျိုက်ဒုံမြို့နှင့် ဘုရားသုံးဆူမြို့များရှိ ရေဘေးသင့်အိမ်ထောင်စု(၇၁၁)စုမှ လူဦးရေ (၃၀၅၆) ဦးအတွတ် ဆန်ရိက္ခာ(၇) ရက်စာဖိုးငွေ (၆၄၁၇၆၀၀) အား (၄.၈.၂၀၂၁) ရက်နေ့တွင် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #krn_aug2021 Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်‌ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေး အန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ မန္တလေးတိုင်းဒေသကြီဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ငါန်းဇွန်မြို့နယ်ရှိ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ တမာပင်ကျေးရွာအုပ်စုတွင် တမာပင်ကြီးကျေးရွာ၊ ညောင်ချင်းကျေးရွာ၊ လက်ပံပင်ကျေးရွာ၊ စီထိန်ကျေးရွ,   ပေါင်း ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁)စု၊ ကျေးရွာ(၄)ရွာသို့  (၂၈-၇-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jul2021 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်‌ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေး အန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ  မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးတို့မှ တာ၀န်ရှိသူများသည် ငါန်းဇွန်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်များရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများသို့ (၂၇-၇-၂၀၂၁) ရက်နေ့တွင် COVID-19 ကူးစက်‌ေရာဂါ ကြိုတင် ကာကွယ်ရေးနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jul2021 Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များ အကြောင်း အသိပညာပေးခြင်းသတင်း

    လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း‌ဒေသကြီးအတွင်းရှိ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် နွားထိုးကြီးမြို့နယ်ရှိ သပြေသာကျေးရွာအုပ်စုတွင် သပြေသာ(ရ)၊ သပြေသာ(န)၊ သပြေသာ(လ)၊ ပဒေါင်းကျေးရွာအုပ်စုတွင် ပဒေါင်းကျေးရွာ၊ ကြီးကြီးကျေးရွာ၊ ညောင်ပင်ရွာနှင့် ဇေဒိတ်ကျေးရွာအုပ်စုတွင် ဇေဒိတ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ တက်စီကျေးရွာ   ပေါင်း ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာ(၉)ရွာသို့  (၂၆-၇-၂၀၂၁) ရက်နေ့တွင် COVID-19 အသိပညာပေးခြင်းနှင့် ရာသီကာအလိုက်ဖြစ်ပွားတတ်သော ‌သဘာဝဘေးအန္တရာယ်များအကြောင်း အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jul2021 Source: နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးထောက်ပံ့မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၇.၂၀၂၁)ရက်နေ့တွင် တနင်္သာရီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွေ့နေထိုင်လျက်ရှိသည့်  အိမ်ထောင်စု (၁၁)စု၊  လူဦးရေ(၄၉)ဦး၊ ပျို့အိုင်ကျေးရွာရှိ အိမ်ထောင်စု(၁)စု၊ လူဦးစု (၅)ဦးနှင့် (၂၈.၇.၂၀၂၁)ရက်နေ့တွင် တနင်္သာရီမြစ်ရေဝင်ရောက်မှုကြောင့် ယာယီကယ်ဆယ်ရေးစခန်းသို့ ထပ်မံပြောင်းရွေ့နေထိုင်လျက်ရှိသည့် ချောင်းငယ်ရပ်ကွက်ရှိ အိမ်ထောင်စု(၆)စု၊ လူဦးရေ (၂၄)ဦးနှင့် ဘန်းသဲကျေးရွာရှိ အိမ်ထောင်စု(၂၀)စု၊ လူဦးရေ(၉၂)ဦး စုစုပေါင်းလူဦးရေ (၁၇၀)အတွက် ဆန်ရိက္ခာဖိုး (၃၅၇,၀၀၀ိ/-)ကျပ်အား (၂၈.၇.၂၀၂၁)ရက်နေ့ (၁၅း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_jul2021 … Read more

  • မြေပြိုဘေးထောက်ပံ့မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာအုပ်စု၌ တောင်ပေါ်မြေပြိုကျမှုကြောင့် လုံးဝပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စု( ၂)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀၀၀ဝ)၊ လူဦးရေ (၄)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ (၈၄၀၀)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ (၂)ပုံး(ကယ်ဆယ်ရေးပစ္စည်းတန်ဖိုးငွေ (၉၂၀၇၂)နှင့် သေဆုံးသူ (၁)ဦးအတွက်ထောက်ပံ့ငွေ (၃၀၀၀၀၀) တို့အား (၂၇.၇.၂၀၂၁)ရက်နေ့. (၁၀:၀၀)အချိန်ခန့်တွင် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေး​ကောင်စီအဖွဲ့ဝင် ဦးအောင်ကြည်သိန်း၊ ချောင်းဆုံမြိုနယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါသည်။ ၎င်းနောက် … Read more

  • လေဖိအားနည်းရပ်ဝန်း အခြေအနေ

    (၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ========================================= “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်ကမ်းခြေနှင့် အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေအနီးတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားဒေ့ရှ် ကမ်းခြေနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။”

  • Covid-19 ရောဂါ ကုသရေစင်တာအတွက် အသုံးအဆောင်များနှင့် မိုးကာတဲတပ်ဆင်ပြီးစီးမှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လှိုင်မြို့နယ် Covid-19 ရောဂါ ကုသရေးစင်တာတွင် လူနာများ၏ ပစ္စည်းနှင့်အစားအသောက်များ လက်ခံရန်နေရာအတွက် မိုးကာတဲ(၂)လုံးအား (၂၆-၇-၂၀၂၁)ရက်နေ့ ညနေပိုင်းတွင် သွားရောက်တပ်ဆင် ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_jul2021 Source: ရန်ကုန်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးခြင်း သတိပေးချက်သတင်း

     (၂၀၂၁ ခုနှစ်၊  ဇူလိုင်လ  (၂၈) ရက်၊ (၁၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ==================================== စစ်တောင်းမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ =================== ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ (၁)ပေခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည်  နောက်(၁)ရက်အတွင်း(၁)ပေခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ သောင်ရင်းမြစ်စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ =================== ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၁၀) ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပါသည်။ … Read more

  • Covid-19 ရောဂါနှင့် စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များ အသိပညာပေးမှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊‌ ကောင်းရွေးကျေးရွာ၊ လွယ်ကောင်းကြီးကျေးရွာနှင့် တောင်ကြီးမြို့ပေါ်ရှိ ယာယီပျံကျဈေးများတို့်တွင် Covid – 19 ရောဂါတတိယလှိုင်း ကူးစက်ပျံ့နှံ့မှု ပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိူးဆော်ခြင်း၊ Covid – 19ရောဂါ အသိပညာပေး လက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask ဝေငှခြင်း အစီအစဉ်တို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events