Author Archives: RRD

  • ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုနှင့် DAN Mobile Application အား ရှင်းလင်းပြောကြားမှုသတင်း

      ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၁၂-၁-၂၀၁၇ ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော DAN … Read more

  • ရခိုင်​ပြည်​နယ်​၊ မောင်တောမြို့နယ်အတွင်း ဘေးဒုက္ခခံစားခဲ့ရသော ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဝင်းထွဋ်ဦးစီးလျက် ရခိုင်ပြည်နယ်ဦးစီးမှူးနှင့်ရုံးအဖွဲ့သည် (၁၁-၁-၂၀၁၇) ရက်နေ့တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဘေးဒုက္ခခံစားခဲ့ရသော ပြည်သူများအတွက် ဆန်နှင့်ပဲအား ထောက်ပံ့ပေးခဲ့ပါသည်။ ထို့ပြင် မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာရှိ အိမ်ထောင်စု (၁၅) စုအတွက် ဆိုလာပြား (၁၅) ခုအား ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application နှင့် KOBO Mobile Application တို့ကို မိုဘိုင်းဖုန်းများတွင် ထည့်သွင်းအသုံးပြုပုံအား ရှင်းလင်းဆွေးနွေးမှုသတင်း

    DAN Mobile Application နှင့် KOBO Mobile Application အား အသုံးပြုပုံ/ အသုံးပြုနည်း ရှင်းလင်းပြောကြားမှုသတင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၁၂-၁-၂၀၁၇) ရက်နေ့တွင် မကွေးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနခန်းမ၌ ပြန်/ဆက်ဝန်ထမ်းများ၊ CSO၊ NGO၊ အဖွဲ့အစည်းများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ရက် (၁၀၀) အလွန်ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော သဘာဝဘေးနှင့်စပ်လျဉ်းသည့် သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေ ဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ် … Read more

  • ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၇) နေ့တွင်ဖြစ်ပွားသော ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စု (၅) စုသို့ ပုသိမ်ကြီးမြို့နယ်ထွေအုပ်၊ ရေထွက်ကျေးရွာရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ  နေ့ချင်းကွင်းဆင်းစီစစ်ခြင်း မီးဘေးသင့်လူဦးရေနှင့် လိုအပ်ချက်များကို စစ်တမ်းကောင်ယူခြင်းတို့ဆောင်ရွက်ခဲ့ပြီး၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၅) အိမ်ထောင်စုစာ၊ family kit၊ hygiene kit ၊ငါးသေတ္တာဗူး၊ ဆန်၊ ရေနှင့်အရေးပေါ်စားစရာများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ သေဆုံးသူ (မ) ၂၉နှစ်အတွက် ထောက်ပံ့ငွေနှင့် အိမ်ဆောက် ပစ္စည်းဖိုးများ ဆက်လက်ထောက်ပံ့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ … Read more

  • မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၇)ရက်နေ့ (၁၀း၃၀)အချိန်မှ (၁၂း၀၀)အချိန်ထိ ချင်းတွင်းမြစ်မှ နှစ်စဉ် ရေလွှမ်းလေ့ရှိသော မော်လိုက်မြို့နယ်၊ ပန်းသာကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေးအန္တရာယ်များကျ ရောက်လာပါက ကျောင်းသား/သူများအနေဖြင့် မိမိကိုယ်ကို ကာကွယ်နိုင်စေရန်နှင့် ထိခိုက်ဆုံးရှုံးမှုလျော့ကျစေရေးကို ရည်ရွယ်၍ သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးပြီး လက်ကမ်းစာစောင်များကိုကျောင်းသားများအားလည်းကောင်း၊ ပိုစတာများအား ကျောင်းအုပ်ဆရာမကြီးထံပေးအပ်ခဲ့ပါသည်။

  • ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ ညောင်မောင်းကျေးရွာရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ ညောင်မောင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဘုန်းကြီးကျောင်း (၁) ကျောင်းနှင့် လူနေအိမ် (၁၉) လုံးပျက်စီးမှုအတွက် ဘုန်းကြီးကျောင်း (၁) ကျောင်းလျှင် (၆ဝဝဝဝိ/-) နှုန်း လူနေအိမ် (၁) လုံး လျှင် (၅ဝဝဝဝ/-) နှုန်း (၁၉) လုံးအတွက် (၉၅ဝဝဝဝ/-) ကျပ်၊ စုစုပေါင်း (၁၀၁ဝဝဝဝ/-) ကျပ်အား (၁၁-၁-၂၀၁၇) ရက်နေ့တွင် သက်ဆိုင်ရာသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကွန်းကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၁-၂၀၁၇) ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ကွန်းကျေးရွာအုပ်စု၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန် ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့် စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကိုအချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ … Read more

  • မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ ပုထိုးစမ်းကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ  တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ မကြီးကန်ကျေးရွာအုပ်စု၊ ပုထိုးစမ်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေး ဟောပြောပွဲကို (၁၀-၁-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး၏ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့်စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော သဘာဝ ဘေးနှင့်စပ်လျဉ်းသည့် သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်းသဘာဝဘေးလျော့ပါးရေး ဆောင် ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်းဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့ သည့်စနစ် အရေးကြီးဖုန်းနံပါတ်နှင့် … Read more

  • သရက်ခရိုင်၊ အောင်လံမြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များ၌ DAN Mobile Application နှင့် DAN Mobile Application Sticker များ ဖြန့်ဝေမှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ရက် ၁၀၀ အလွန်ဆောင်ရွက်မည့်စီမံကိန်းများအရ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁-၂၀၁၇) ရက်နေ့တွင် သရက်ခရိုင်၊ အောင်လံမြို့ရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်များ၌ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများ အရေးကြီးမိုးလေဝသသတင်းများ အရေးပေါ်ဖုန်းနံပါတ်များ သဘာဝဘေးအန္တရာယ်ဆောင်ရန် ရှောင်ရန်အချက်များပါဝင်သည့်လက်ကမ်းစာစောင်များ ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေးချက်ပေးပို့သည့်စနစ်များပါဝင်သည့် DAN Mobile Application အကြောင်းရှင်းလင်းပြောကြားခြင်းနှင့် DAN Mobile Application Sticker များအား ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events