Author Archives: RRD

  • သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခြင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် Action Aid၊ Plan International နှင့် Future World Organization တို့ နှင့်ပူးပေါင်း၍ (၁၈-၁-၂၀၁၇) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်း ခရိုင်အတွင်းရှိ အထက (၁) လမ်းမတော်မှ ကျောင်းသား/ကျောင်းသူ (၃၀၃) ဦးတို့အား သဘာဝဘေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်သို့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့မှုသတင်း

    ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်သို့ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၆၁) စုမှ လူဦးရေ (၁၅ဝ) ကျော်အတွက် Isamic Reliedworld Wide IRW အဖွဲ့အစည်းနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူတို့ ပူးပေါင်းပြီး ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ၊ အနွေးထည်နှင့် စောင် စုစုပေါင်းတန်ဖိုးငွေ (၂၄၀၉၅၀၀/-) အား (၁၈-၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရှမ်းပြည်နယ်၊ ရွှေညောင်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား မိုဘိုင်းဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့်နေရာများ၌ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန် သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့်မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက် သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့် နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေး ပညာပေးလက်ကမ်းစာစောင်များထည့်သွင်းထားသော DAN Mobile Application နှင့် … Read more

  • ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application အား မိုဘိုင်းဖုန်းဆိုင်များတွင် ထည့်သွင်းအသုံးပြုနည်းများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁-၂၀၁၇) ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ မိုဘိုင်းဖုန်းဆိုင်များနှင့် လူစည်ကားသည့်နေရာများ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့်စီမံကိန်းများ တွင် တစ်ခုအပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာ နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တစ်ပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေး အန္တရာယ်နှင့် စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်နည်းစနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဝဘေးပညာပေး လက်ကမ်း စာစောင်များထည့်သွင်းထားသော … Read more

  • ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) နှစ်အောက် ကလေးများငွေကြေးထောက်ပံ့ရေးအစီအစဉ် စတင်ဆောင်ရွက်မည်

    ပြည်သူ့အစိုးရအသစ်အနေနဲ့ ပြည်သူများလွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ချက်ထားရှိပြီး ပြည်သူအားလုံးအခြေခံလူ့အခွင့် အရေးများရရှိဖို့နဲ့ ဒီမိုကရေစီစံနှုန်းများနှင့်အညီ ဖြစ်စေရေးအတွက် လက်တွေ့ကျပြီး အကျိုးဖြစ်ထွန်းတဲ့ ဥပဒေ၊ နည်းဥပဒေများနှင့် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း မွေးကင်းစမှ သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို Life Circle Approach နည်းလမ်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားအဆင့်သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စီမံကိန်း (၂၀၁၄-၂၀၂၃) ကို လုပ်ငန်းကဏ္ဍ (၁၀) ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သက်ကြီးရွယ်အို ထောက်ပံ့မှုများကို အသက် အရွယ်အပိုင်းအခြားအလိုက် ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြဌာန်းထားရှိပြီးဖြစ်တဲ့ သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကို လက်တွေ့ဆောင်ရွက် … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဟင်္သာတမြို့နယ်၊ သဲဖြူ (ဓမ္ဘီ) ကျေးရွာအုပ်စု၊ ဂျိုးဂေါင်းကျေးရွာတွင် (၁၄-၁-၂၀၁၇) ၌ ဖြစ်ပွားသော မီးဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော မီးဘေးသင့်အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးအား (၁၇-၁-၂၀၁၇ ) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events