Author Archives: Su Nandar Myint
-
လွိုင်ကော်မြို့နယ်၊ နမ့်ကွတ်ရပ်ကွက်တွင် သဘာ၀ဘေးဆိုင်ရာအသိပညာပေးခြင်းနှင့် DAN Mobile Application အကြောင်း ဆွေးနွေးခြင်း
ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၉.၁.၂၀၁၇)ရက်နေ့၌ နံနက်(၉:၀၀)နာရီမှ (၁၀:၃၀)နာရီအချိန်အထိ လွိုင်ကော်မြို့နယ်၊ နမ့်ကွတ်ရပ်ကွက်တွင် သဘာ၀ဘေးဆိုင်ရာအသိပညာပေးခြင်းနှင့် DAN Mobile Application အကြောင်း ဆွေးနွေးဟောပြောပေးခဲ့ရာ နမ့်ကွတ်ရပ်ကွက်တွင် နေထိုင်သူ ရပ်ကွက်သူ/သား စုစုပေါင်းအင်အား (၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လွိုင်ကော်မြို့၊ သူနာပြုသင်တန်းကျောင်း၌ DAN Mobile Application အသုံးပြုနည်းအား မိတ်ဆက်ခြင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၂၅.၁.၂၀၁၇)ရက်၌ (၁၅:ဝ၀)မှ (၁၆:၁၀)အထိ လွိုင်ကော်မြို့၊ သူနာပြုသင်တန်းကျောင်းတွင် သင်တန်းသား/သူ(၁၂၀)ဦးအား DAN Mobile Application အသုံးပြုနည်း တို့ကို မိတ်ဆက်ရှင်းလင်းပြီး၊ Application ကို Install လုပ်ပေးခြင်း၊ Sticker ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဘောလခဲခရိုင်ဦးစီးမှူးရုံးတည်ဆောက်မှုအား ကြည့်ရှုစစ်ဆေးခြင်း
(၂၅.၁.၂၀၁၇)ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘောလခဲခရိုင်ဦးစီးမှူးရုံး တည်ဆောက်ရေးကြီးကြပ်မှုအဖွဲ့နှင့်အတူ လိုက်ပါလျှက် (၆၀×၄၀×၂၈)ပေ RCC ၂ထပ် ရုံးအဆောက်အဦးတွင် Roof Beam & Parapet လုပ်ငန်းအတွက် ကွန်ကရစ်မလောင်းမီ အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသို့ သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝတ်ဆင်နိုင်ရန်အတွက် Action Aid မှ Waist Coat များ ပေးအပ်လှူဒါန်းခြင်း
သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကယ်ဆယ်ရေးဝန်ထမ်းများ ဝတ်ဆင်နိုင်ရန်အတွက် Action Aid မှ Waist Coat (၂၀၀)ထည်အား (၂၃-၁-၂၀၁၇)ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရုံးအမှတ်(၂၃)၊ နေပြည်တော်သို့ လာရောက် လှူဒါန်းခဲ့ရာ ညွှန်ကြားရေးမှူးချုပ်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။ Source : ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန (နေပြည်တော်)
-
ကြိုတင်သတိပေးမှုစနစ်နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီးမှု
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အဖွဲ့တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် The Project for Establishment of End-to-End Early Warning System for Natural Disaster စီမံကိန်းဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ၏ Final Joint Coordination Committee – JCC Meeting နှင့် End-to-End Early Warning System … Read more
