Author Archives: Aye Kyimann
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ ပန်တနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ကဿဝင်ကျေးရွာ ပြည်တော်သာ ကျေးရွာ ရွှေဖလားကျွန်းကျေးရွာနှင့် ရေပေါ်ကြီးကျေးရွာအုပ်စု ကုလားကုတ်ကျေးရွာတို့၌ (၂၅-၉-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွား ခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွေ့နေအိမ် (၁၁)လုံး၊ အိမ်ထောင်စု(၁၁)စုမှ လူဦးရေ(၅၂)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၁၁၀၀၀၀၀/-)၊ ဆန်ရိက္ခာ(၇)ရက်စာ ဖိုး ရန်ပုံငွေ (၁၀၉၂၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၁၂၀၉၂၀၀/-)အား (၆-၁၀-၂၀၂၀)ရက်နေ့၊ (၁၀:၂၀)အချိန်တွင် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လူမှုသဟဇာတဆိုင်ရာ မူဘောင်တစ်ရပ်ပေါ်ပေါက်လာရေး အကြိုညှိနှိုင်း ဆွေးနွေးမှုသတင်း
အောက်တိုဘာလ (၅) ရက်၊ ၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် လူမှုသဟဇာတဆိုင်ရာ လုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ရန် လူမှုသဟဇာတဆိုင်ရာ မူဘောင် တစ်ရပ် ပေါ်ပေါက်လာရေး ယနေ့နံနက်ပိုင်းက ဝန်ကြီးဌာနတာဝန်ရှိသူများ၊ Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့နှင့် အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဦးတည်ချက်များဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ရေရှည်ပဋိပက္ခ … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၁၀.၂၀၂၀) ရက်နေ့ (၁၅:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ်၊ ဂန်ချောင်း ကျေးရွာအုပ်စု၊ မာယူချောင်းဖျားကျေးရွာ၌ (၃.၁၀.၂၀၂၀) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့သည့် နေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁) မှလူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၈၄၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၀၈၄၀၀/-)ကျပ်အား ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_oct2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး … Read more
-
COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDPစခန်းများရှိ အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သက်ဆိုင်ရာစခန်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ စခန်းစီမံခန့်ခွဲမှုကော်မတီ ဝင်များနှင့်ပူးပေါင်း၍ COVID-19 Economic Relief Plan (CERP)အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDPစခန်းများရှိ အိမ်ထောင်စု (၁) စုလျှင် (၄၀၀၀ဝ/-)ကျပ်နှုန်းဖြင့် ထောက်ပံ့လျက်ရှိရာ စစ်တွေမြို့နယ်ရှိ အုန်းတောချေ၊ မော်သီညာနှင့် ဆေးသမားကြီးစခန်း (၃)ခုမှ အိမ်ထောင်စု (၃၁၈၃)စု၊ လူဦးရေ (၂၀၃၅၃)ဦးတို့အတွက် ထောက်ပံ့ငွေ (၁၂၇,၃၂၀,၀ဝဝ/-)ကျပ် (ကျပ်တစ်ထောင်နှစ်ရာခုနစ်ဆယ့်သုံးသိန်းနှစ်သောင်းတိတိ)ကို (၃၀-၉-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ … Read more
-
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်းအနား Video Conferencing စနစ်ဖြင့်ကျင်းပမှုသတင်း
အောက်တိုဘာ (၁)၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ ဂုဏ်ပြုအခမ်း အနားကို ယနေ့နံနက်(၁၁)နာရီအချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ Video Conferencing စနစ်ဖြင့်ကျင်းပရာ အခမ်းအနားသို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီးများ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များမှ ဌာနေကိုယ်စားလှယ်များ၊ အဘိုးအဘွားများ၊ ဌာနဆိုင်ရာအသီးသီးမှကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒဆိုင်ရာ မဟာဗျူဟာစီမံချက်အရ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည်ဖော်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း
စက်တင်ဘာ ၃၀၊ နေပြည်တော် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက် (၂၀၂၀ – ၂၀၂၄) အပေါ် ဦးစားပေး လုပ်ငန်းအစီအစဉ်ဖြစ်သည့် ပြည်သူ့နီတိနှင့် နိုင်ငံသား ကောင်းဖြစ်မှုဆိုင်ရာ လုပ်ငန်းစီမံချက်ရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်း၌ Video Conferencing စနစ်ဖြင့် ပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ လူမှုဝန်ထမ်းဦးစီးဌာန တာဝန်ရှိသူများနှင့် UNFPA Myanmar … Read more
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ရှားတော ကျေးရွာအုပ်စု၊ ဂွေးပင်ကျေးရွာ၌ (၂၉-၉-၂၀၂၀) ရက်နေ့ (၁၄:၁၅)အချိန်၌ဖြစ်ပွားခဲ့ သော မိုးကြိုးဘေးကြောင့် သေဆုံးသွား ခဲ့သည့် လူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀ဝ၀ဝ/-)ကျပ်အား (၃၀-၉-၂၀၂၀)ရက်နေ့ (၁၂:၀၀)အချိန်တွင် သေဆုံးသူ၏ နေအိမ်သို့ သွားရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #npw_sep2020 Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ ကလေးပြုစုရေးဌာနများနှင့် ဝန်ကြီးဌာနအသိအမှတ်ပြု ဘိုးဘွားရိပ်သာများတွင် အသုံးပြုရန် ငွေကျပ် သိန်း (၁၀၀) တန်ဖိုးရှိ ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများ လာရောက်လှူဒါန်း
စက်တင်ဘာလ ၊ ၂၉ ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရှိ ကလေးပြုစုရေး ဌာနများနှင့် ဝန်ကြီးဌာနအသိအမှတ်ပြု ဘိုးဘွားရိပ်သာ များတွင် အသုံးပြုရန် ငွေကျပ် သိန်း (၁၀၀) တန်ဖိုးရှိ ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများကို ဗိုလ်ချုပ်မောင်မောင်ဆွေ (ငြိမ်း) နှင့် ဇနီး ဗိုလ်ကြီးဒေါ်တင်တင်နွဲ့ (ငြိမ်း) မိသားစုတို့က ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး လက်ခံခဲ့ပါသည်။ အလှူရှင် ဗိုလ်ချုပ် မောင်မောင်ဆွေ(ငြိမ်း)က … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ရန်ကုန်တိုင်းဒေသကြီး၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း
စက်တင်ဘာ ၂၉၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရန်ကုန်တိုင်းဒေသကြီး၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ ရေးလုပ်ငန်းများတွင် ကူညီဖြည့်ဆည်း ထောက်ပံ့ပေးနိုင်ရေးကိစ္စများကို ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ ခရိုင်ဦးစီးမှူး များနှင့် ယမန်နေ့နံနက်ပိုင်းတွင် အွန်လိုင်း စနစ်ဖြင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ … Read more
-
COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ တိုက်ပွဲရှောင်စုရပ်များနှင့် IDP စခန်းများရှိ ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် COVID-19 Economic Relief Plan (CERP)အစီအစဉ်အရ တိုက်ပွဲရှောင် စုရပ်များနှင့် IDPစခန်းများရှိ အိမ်ထောင်စု (၁)စုလျှင် (၄၀၀၀ဝ/-) ကျပ်နှုန်းဖြင့် ထောက်ပံ့လျက်ရှိရာ ပေါက်တောမြို့နယ်၊ ဘ၀မ်းဘုန်းကြီး ကျောင်းတွင် ရောက်ရှိခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု (၆၃)စု၊ လူဦးရေ (၂၄၀)ဦးတို့အတွက် ထောက်ပံ့ငွေ (၂,၅၂၀,၀ဝဝ/-)ကျပ် (ကျပ်နှစ်ဆယ့် ငါးသိန်းနှစ်သောင်းတိတိ)၊ ဂန်ဂျားကျေးရွာဘုန်းကြီးကျောင်းတွင် ရောက်ရှိခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်အိမ်ထောင်စု (၆)စု၊ လူဦးရေ (၃၀)ဦးတို့အတွက် ထောက်ပံ့ငွေ … Read more
