Author Archives: Aye Kyimann
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၀)
=========================== (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်) (မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ==================================== (က) မုန်တိုင်းငယ်အခြေအနေ ———————————– (၁) ယနေ့မြန်မာစံတော်ချိန်(၁၇:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ(Trincomalee)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၃၇၀)မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကန်ညာကူမာရီ(Kanyakumari)မြို့၏ အရှေ့ဘက် ရေမိုင် (၅၈၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် … Read more
-
မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၂/၂၀၂၀)
============================================ (၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၃၀ ရက်) (မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ================================= (က) မုန်တိုင်းငယ်အခြေအနေ —————————— (၁) ယနေ့မြန်မာစံတော်ချိန်(၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီ(Trincomalee)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၃၉၀)မိုင် ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကန်ညာကူမာရီ(Kanyakumari)မြို့၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင်(၆၀၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (၂) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦး တည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် … Read more
-
Covid-19 ကူးစက်ရောဂါနှင့် စပ်လျဉ်းသည့် ပစ္စည်းများထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး၊ လွတ်တော်ကိုယ်စားလှယ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ ဘို့မကျေးရွာအုပ်စုရှိ ကျေးရွာ (၄) ရွာမှ အိမ်ထောင်စု (၂၀၇) အိမ်ထောင်လူဦးရေ (၁၀၀၇) ဦးအတွက် mask (၁၀၁)ဗူး၊ လက်သန့်ဆေးရေ (၂၀၇)ဗူးနှင့်solar မီးအိမ်(၆၃)လုံးတို့အား (၃၀.၁၁.၂၀၂၀) ရက်နေ့ (၁၀:၀၀) အချိန်တွင် ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #hl1_ar #npw_nov2020 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့ ========================== မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ==================================== “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင် ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက်မြောက်ဘက် သို့ ဆက်လက်ရွေ့လျားကာ (၂.၁၂.၂၀၂၀) ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး (Tamil Nadu)ကမ်းခြေတောင်ပိုင်းအနီးသို့ ရောက်ရှိ နိုင်သည်ဟုခန့်မှန်းရပါသည်။”
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၁၉:၀၀)နာရီအချိန်ထုတ်ပြန်ချက်) ============================ “ယနေ့မြန်မာစံတော်ချိန် (၁၈:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း၊ အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်း ရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် (၃၆)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ (၂.၁၂.၂၀၂၀) ရက်နေ့တွင် အိန္ဒိယနိုင်ငံ တမီးလ်နာဒူး (Tamil Nadu) ကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။”
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၁၁.၂၀၂၀) ရက်နေ့တွင် ထုံးဖိုလူငယ်များပရဟိတအသင်းတိုနှင့်ပူးပေါင်း၍ မြိတ် မြို့နယ်၊ ငွေပုလဲ၊ ရှမ်းချောင်းရပ်၊ ဝန်ထမ်းရပ်၊ ကလွင်၊ စုံခေါင်း၊ ရှားတောဝရပ်ကွက်တို့တွင် COVID-19 ကူးစက်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါမဖြစ်ပွားစေရေးအတွက် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်/ ရှောင်ရန်များ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် Mask ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၂၀) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဗန်းမော်မြို့နယ်၊ မင်းကျောင်းကုန်းရပ်ကွက်နှင့် အလယ်ရပ် ရပ်ကွက်အတွင်းသို့ လှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း၊ တစ်ခါသုံး Masks ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၂၀) ရက်နေ့ နေ့လည် (၁၂:၃၀)နာရီအချိန်တွင် မိုးမောက်မြို့နယ်၊ မိုင်းခက်ကျေးရွာနှင့် နွယ်လန်းကျေးရွာအတွင်းသို့ လှည့်လည်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 ရောဂါနှင့် ပတ်သက်၍ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း၊ တစ်ခါသုံး Masks ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn_nov2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၁-၂၀၂၀)ရက်နေ့၊ (၀၈း၀၀)နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနနှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ်၊ ထန်းပင်ကန်အုပ်စု၊ ထန်းပင်ကန်ကျေးရွာ၊ ရွှေလှေကွင်းကျေးရွာ၊ လယ်ဦးကျေးရွာ၊ သဇင်ကွင်းကျေးရွာ၊ အင်ကြင်းကုန်းကျေးရွာ၊ တာနားကျေးရွာနှင့် ဆုံကုန်းကျေးရွာအုပ်စု ဆုံကုန်းကျေးရွာ၊ ရွှေဥဒေါင်းကျေးရွာ၊ တာနား ကျေးရွာ၊ မြောက်စုကျေးရွာ၊ အလယ်ကွင်းကျေးရွာ၊ တံတားဦးကျေးရွာတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ကူးစက်ဖြစ်ပွားမှု မဖြစ်ပွားစေရေး ပြည်သူသို့ပန်ကြားချက်အား အများပြည်သူများ သိရှိလိုက်နာ ရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းနှင့်ပြည်သူများသို့ Mask … Read more
-
Covid-19 ကူးစက်နှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့နယ်ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ (၂၅.၁၁၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးညွှန်ကြားချက်များအား အများပြည်သူများ သိရှိနိုင်စေရန် လှည့်လည်ကြေညာပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_nov2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
