Author Archives: Aye Kyimann

  • မြေစာပုံပြိုကျမှုကြောင့် သေဆုံးသူ၏ မိသားစုထံသို့ ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၅-၂၀၂၁) ရက်နေ့ (၀၈:၃၀)အချိန်ခန့်တွင် ညောင်တစ်ပင်စွန့်ပစ်မြေစာပုံ ပြိုကျခဲ့ သဖြင့် မြေစာပုံပိ၍ လူ(၁) ဦးသေဆုံးခဲ့ရာ သေဆုံးသူ၏ ကျန်ရစ်သူမိသားစုဝင်များထံသို့  ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ် တိတိအား (၁၉-၅-၂၀၂၁) ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရွှေပြည်သာကျေးရွာ (နန်စီပွန်) ရပ်ကျေးစာရေးမှတဆင့် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #sgg_may2021 Source:  ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ  တာဝန်ရှိသူများနှင့်တွေ့ဆုံမှုသတင်း

    ၂၀၂၁ ခုနှစ် ၊ မေလ ၁၈ ရက် နေပြည်တော်                                                                           လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည်   မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ရာ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဥက္ကဋ္ဌ ဦးလှမြင့်က ကော်မရှင်အား နိုင်ငံတော်သမ္မတကြီး(ငြိမ်း) ဦးသိန်းစိန်လက်ထက်မှစ၍ အဖွဲ့ဝင် ၁၅ ဦးဖြင့် … Read more

  • Early Childhood Intervention (ECI) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကျင်းပခြင်း

    နေပြည်တော်၊ မေလ ၁၀ ရက် ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း (Early Childhood Intervention- ECI) ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့၊နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ Virtual ဖြင့် ကျင်းပပြု လုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန် ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ တက်ရောက် … Read more

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၂၁) ရက်နေ့တွင် ရေဦးမြို့နယ်အတွင်း  ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက် (၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄)အုပ်စုတို့မှ ပြိုကျပျက်စီး လူနေအိမ်(၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၂)အိမ် ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ဝ/-)၊ အမိုးအကာပျက်စီး လူနေအိမ်(၈၁)လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၂) ကျောင်းတို့အတွက် အိမ်ဆောက်/ကျောင်းဆောက်ပစ္စည်းဖိုး (၂၄၄၅၀၀ဝ/-)နှင့် စုစုပေါင်းအိမ်ထောင်စု(၈၃)စုမှ လူဦးရေ (၃၄၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇၂၀၃၀ဝိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၃၃၆၅၃၀ဝ/-)ကို (၆-၅-၂၀၂၁)ရက်နေ့တွင် မြို့နယ် ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း … Read more

  • မုန်တိုင်းငယ်သတိပေးချက်အမှတ်စဉ်(၀၁/၂၀၂၁)

    ၂၀၂၁ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်   (က)မုန်တိုင်းငယ်အခြေအနေ (၁)     ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရကပ္ပလီပင်လယ်ပြင်အလယ်ပိုင်းတွင်  ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည်ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါမုန်တိုင်းငယ်(Depression)သည် မြန်မာနိုင်ငံ၊ ထားဝယ်မြို့(Dawei)၏ အနောက်တောင်ဘက် ရေမိုင်(၂၁၅)မိုင်ခန့်၊ ကိုကိုးကွျန်းမြို့(Coco Island)၏ အရှေ့တောင်ဘက် ရေမိုင်(၂၅၅)မိုင်ခန့်နှင့် ရန်ကုန်မြို့(Yangon)၏ တောင်ဘက် ရေမိုင် (၃၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ (၂)       မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့ လျားနိုင်ပါသဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။ (ခ)မုန်တိုင်းငယ်၏တည်နေရာ၊ … Read more

  • ” နွေကာလတွင် ဖြစ်ပေါ်တတ်သည့်မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ်(၀၃/၂၀၂၁)”

    ၂၀၂၁ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့ထုတ်ပြန်ချက်             “မြန်မာနိုင်ငံအရပ်ရပ်တွင်နွေကာလဖြစ်သည့်ဧပြီလအတွင်းနေ့အပူချိန်များ  တစ်ဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက် တိမ်များဖြစ်ထွန်း ၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် လေပြင်းများ တိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။ လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် (၃၅) မိုင်မှ မိုင် (၄၀) အထိ တိုက်ခတ်နိုင်ပါသည်။”   အကြံပြုချက် သို့ဖြစ်ပါ၍ပြည်သူများအနေဖြင့်နွေကာလဖြစ်သည့်ဧပြီလအတွင်းဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များအား အထူးဂရုပြုနေထိုင် … Read more

Sign Up

Upcoming Events