Author Archives: Aye Kyimann

  • ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ညောင်လေးပင်ကျေးရွာ၌ တောဆင်ရိုင်းကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၄) ရက်နေ့ (၂၁:၄၅)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး ခရိုင်၊ တိုက်ကြီးမြို့နယ်၊ ညောင်လေးပင်ကျေးရွာရှိ တောဆင်ရိုင်ဝင်းရောက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)အား (၅-၂-၂၀၂၄)ရက်နေ့ (၁၀:၀၂)အချိန်နာရီတွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင့် သတင်းရရှိပါသည်။ #ha_otr #ygn_feb_2024 Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ် (၁) ရပ်ကွက်၊ ဗဟိုလမ်း၌ မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၂၄)ရက်နေ့ ပုလောမြို့နယ်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဗဟိုလမ်းတွင် မီးလောင်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀,၀၀ဝိ/-)ကျပ်၊ ဘေးသင့် အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး (၁၀,၅၀ဝိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀,၅၀၀ိ/-) ကျပ်အား (၅-၂-၂၀၂၄)ရက်နေ့ (၁၀း၃၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_feb_2024 Source:  ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)    

  • ပုလောမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာမူလတန်းလွန်ကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလော မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၂-၂၀၂၄)ရက်နေ့ ၊ နံနက် (၁၁:၀၀) နာရီတွင် ပုလောမြို့နယ်ရှိ အမှတ်(၄) အခြေခံ ပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား/ကျောင်းသူ၊ ဆရာ/ဆရာမ (၁၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းများနှင့် ကျောင်းသား/သူများအတွက် ဘောလ်ပင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_feb_2024 Source:  ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • ပုလောမြို့နယ်ရှိ အ.မ.က(၃) အခြေခံပညာမူလတန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလော မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၂-၂၀၂၄)ရက်နေ့ ၊ မွန်းလွဲ (၂:၀၀)နာရီချိန်တွင် ပုလောမြို့နယ်ရှိ အ.မ.က(၃) အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား/ ကျောင်းသူ၊ ဆရာ/ဆရာမ (၂၀၀) ဦးခန့်အား သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းများ၊ ကျောင်းသား/သူများအတွက် ဘောလ်ပင်နှင့်ခဲတံများဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_feb_2024 Source:  ပုလောမြို့နယ်ဦးစီးမှူးရုံး(ဘစမ)  

  • ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ချယ်ရီလမ်း၌ ဖြစ်ပွားသော မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၉-၁၂-၂၀၂၃) ရက်နေ့၊ (၁၄:၅၅) နာရီအချိန်ခန့်၌ တွံ့တေးခရိုင်၊ ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ ချယ်ရီလမ်းရှိ (၁၀x၂၀) ပေ၊ ပျဉ်ခင်း၊ သွပ်ကာ၊ သွပ်မိုးနေအိမ်တွင် တီဗွီသို့ သွယ်တန်းထားသော မီးကြိုး သည် အပူလွန်ကဲရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ် (၆) လုံး (လုံးဝပျက်စီး)၊ လူဦးရေ (၂၀) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၀၀၀၀ဝိ/-) ၊ ဆန်ရိက္ခာဖိုး (၄၂၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး၊ … Read more

  • ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်၊ မဟာ​စေတီလမ်း၌ ဖြစ်ပွားခဲ့သော မီးဘေးအတွက် ထောက်ပံ့မှု သတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်​ရေးနှင့်ပြန်လည်​နေရာချထား​ရေးဝန်ကြီးဌာန၊ ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပုသိမ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ မဟာ​စေတီ လမ်းတွင် (၈-၁၂-၂၀၂၃)ရက်​နေ့ (၁၇း၄၀)နာရီ အချိန်၌ ဖြစ်ပွားခဲ့​သော မီး​ဘေး​ကြောင့် ပုသိမ်ပြည်သူ့​ဆေးရုံကြီးတွင် ​ဆေးကုသမှုခံယူ​နေ​သော ထိခိုက်ဒဏ်ရာရရှိသူ (၅)ဦး အတွက် (၁)ဦးလျှင် ​ထောက်ပံ့​ငွေကျပ် (၅၀,၀၀ဝိ/-)ဖြင့် စုစု​ပေါင်း​ထောက်ပံ့​ငွေကျပ် (၂၅၀,၀၀ဝိ/-)တိတိတို့အား (၁၂-၁၂-၂၀၂၃)ရက်​​နေ့ (၁၅း၂၀)နာရီအချိန်တွင် သက်ဆိုင်ရာတာ၀န်ရှိသူများနှင့်အတူ ​ဘေးသင့်မိသားစု၀င်များ၏ လက်၀ယ်အ​ရောက် သွား​ရောက်​ထောက်ပံ့​ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_dec_2023 Source:  ပုသိမ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events