ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ညောင်လေးပင်ကျေးရွာ၌ တောဆင်ရိုင်းကြောင့် သေဆုံးသူအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၁-၂၀၂၄) ရက်နေ့ (၂၁:၄၅)အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး ခရိုင်၊ တိုက်ကြီးမြို့နယ်၊ ညောင်လေးပင်ကျေးရွာရှိ တောဆင်ရိုင်ဝင်းရောက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် သေဆုံးသူ (၁)ဦးအတွက် သေဆုံးထောက်ပံ့ငွေ (၃၀၀,၀၀ဝိ/-)အား (၅-၂-၂၀၂၄)ရက်နေ့ (၁၀:၀၂)အချိန်နာရီတွင် တိုက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင့် သတင်းရရှိပါသည်။

#ha_otr

#ygn_feb_2024

Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events