Author Archives: Aye Kyimann

  • မြို့နယ်အဆင့်သဘာဝဘေးစီမံခန်ခွဲမှုသင်တန်း ကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ (၁၄-၉-၂၀၁၈)ရက်နေ့တွင် ကွန်ဟိန်းမြို့၊ နန့်ပန်ခန်းမတွင် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုစုပေါင်း သင်တန်းသား/သူ (၅၀)ဦးဖြင့် မြို့နယ်အဆင့်သဘာဝဘေးစီမံခန်ခွဲမှုသင်တန်း ဒုတိယရက်အဖြစ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာသင်ခန်းစာများ ဆွေးနွေးပို့ချပြီး သင်တန်းသား/သူများမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2018 Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ၁။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ၂။ အကြံပြုချက် သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

  • ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းအကြို ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅.၉.၂၀၁၈)ရက်နေ့မှ (၁၆.၉.၂၀၁၈)ရက်နေ့အထိ မော်လမြိုင်မြို့၊ သီရိမင်ဂလာရပ်ကွက်တွင် ပြုလုပ်မည့် ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းအကြို ညှိနှိုင်းဆွေးနွေးပွဲအား (၁၄.၉.၂၀၁၈)ရက်နေ့တွင် ၎င်းရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွင်ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mon_sep2018 Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးနှင့် အခြားသဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲဲပြုလုပ်မှုသတင်း

    ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ADRA(Myanmar)လူမှုဖွံ့ဖြိုးရေးနှင့် ကူညီရေးအဖွဲ့တို့ပူးပေါင်း၍ (၁၃-၉-၂၀၁၈)ရက်နေ့တွင်(၁၀း၀၀)နာရီမှ (၁၂း၀၀) နာရီအထိ စီမံချက်ကျေးရွာဖြစ်သည့် ဇီးပြားကျေးရွာအုပ်စု၊ ရောင်နက်ကျေးရွာ၌ ကျေးရွာနေပြည်သူလူထု(၄၈)ဦးနှင့် အခြေခံပညာအလယ်တန်းကျောင်း၌ ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၉၀)ဦး၊ စုစုပေါင်း(၁၃၈)ဦးတို့အား ငလျင်ဘေးနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_eqk #mgy_sep2018 Source:  ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ

  • သဘာဝဘေး အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၉.၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီထိ တာချီလိတ်မြို့နယ်၊ အ.လ.က တာလော့ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၂၀၀)ဦးအား သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_sep2018 Source:  ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေး အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၉-၂၀၁၈)ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ အ.ထ.က တောင်ဇင်းကျေးရွာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀၀)ဦးတို့အား သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် မီးဘေး၊ မိုးကြိုးဘေး၊ ငလျင်ဘေးတို့ကို အသိပညာပေးဟောပြောခြင်း၊ ဆောင်ရန်/ ရှောင်ရန်များအား ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mdy_sep2018 Source:  ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှမြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂)ရက် အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ … Read more

  • သဘာဝဘေး အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၉.၂၀၁၈)ရက်နေ့ နေ့လယ် (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ တာချီလိတ်မြို့နယ်၊ အ.လ.က မယ်ဟုတ်ကျောင်း တွင် ကျောင်းသူ၊ ကျောင်းသားစုစုပေါင်း (၂၄၀)ဦးအား  သဘာဝဘေး အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဗီနိုင်းပိုစတာများပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar #shn_sep2018 Source:  ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးသန်းစိုးနှင့် ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာအုပ်စု၊ အလယ်ကျွန်း ကျေးရွာတွင် (၁၁- ၉-၂၀၁၈)နေ့ ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ရသော အိမ်ခြေ (၁)လုံး၊ ၎င်းအိမ်ထောင်စု (၁) စုရှိ လူဦးရေ (၄) ဦးတို့အတွက် (၁၈၅၁၀/-)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၁)အိမ်ထောင်စာကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၈၄၀၀/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေ (၁၀၈၄၀၀/-) ကျပ်တို့အား (၁၂-၉ -၂၀၁၈)ရက်နေ့တွင် ကြံခင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ကြက်ရှာကျေးရွာအုပ်စု၊ ကျွန်းချောင်းကျေးရွာ၌ (၆–၉–၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့်နေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုး(၁၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဘိုး(၈၄၀၀/-)ကျပ်၊ စုစုပေါင်း (၁၀၈၄၀၀/-)ကျပ်တို့အား မော်လမြိုင် ကျွန်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၂–၉–၂၀၁၈)ရက်နေ့(၁၂း၃၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်/ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_sep2018 Source:  လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events