Author Archives: Aye Kyimann
-
ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၁၉)ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးစီးဌာန၊ ခရိုင်မီးသတ်ဦးစီး ဌာနတို့နှင့် အတူပူးပေါင်း၍ ဟိုပန်ခရိုင်၊ ဟိုပန်မြိုနယ်အတွင်းရှိ သောက်သုံးရေရှားပါးနေသော ပန်လုံလမ်းရပ်ကွက်၊ မိန်းပန်း”ဝ”ရပ်ကွက်၊ ကောင်းဟုန်းရပ်ကွက် (၃)ရပ်ကွက်တို့တွင် ရေဂါလံ(၈၈၀၀)ဂါလံကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #shn_jun2019 Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သုံးခွမြို့နယ်အတွင်း မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ မြနန္ဒာလမ်း၊ မဟာဗောဓိပရိယတ္တိစာသင်တိုက် ဘုန်းကြီးကျောင်းဝင်း ပင်မကျောင်းဆောင်အတွင်း၌ ၁၃-၆-၂၀၁၉ ရက်နေ့တွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်းမှုဖြစ်ပွားခဲ့ရာ လုံးဝပျက်စီးအုပ်ညှပ် (၂) ထပ်ကျာင်းဆောင် (၁) ဆောင်မီးလောင်ဆုံးရှုံးခဲ့သဖြင့် လုံးဝပျက်စီးကျောင်းဆောင်အတွက် ထောက်ပံ့အလှူငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် သင်္ကန်းဒွိစုံ (၁) စုံအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ကျောင်းထိုင်ဆရာတာ်၏လက်ဝယ်သို့ (၁၃-၆-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၉)ရက်နေ့ ညနေ(၁၄း၀၀)မှ (၁၆း၀၀)ထိ ကျိုင်းတုံမြို့ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကို ကျောင်းသား/သူ(၄၀၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ရာသီဥတု ပြောင်းလဲ ခြင်းနှင့် ၎င်း၏ သက်ရောက်မှုများကြောင့် ဖြစ်ပွါးတတ်သော ဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များအကြောင်း ဘေးအန္တရာယ် မဖြစ်ပွါးမီ ဖြစ်ပွါးနေစဉ်နှင့် ဖြစ်ပွါးပြီးနောက်ပိုင်း ဆောင်ရန်/ရှောင်ရန်များ ကိုဆွေးနွေးဟောပြောခဲ့ပြီး ငလျင်လှုပ်ခတ်နေစဉ် နေထိုင်ရမည့် အနေအထားကိုလက်တွေ့သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source: ကျိုင်းတုံခရိုင်ဦးစီမှူးရုံး (ဘစမ)
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန ္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံး နှင့် သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂.၆.၂၀၁၉)ရက်နေ့နှင့် (၁၃-၆-၂၀၁၉) ရက်နေ့တွင် ကြက်ခြေနီတပ်ဖွဲ့မှ ကြီးမှူး၍ သာပေါင်းမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာအုပ်စု၊ ဘုရားငူကျေးရွာ၌ ကျေးရွာသူ/သား၊ ကျောင်းသား/သူ (၁၃၀)ဦးခန့်အား သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲနှင့် မုန်တိုင်းသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #simex_str #ayy_jun2019 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဥရောပသမဂ္ဂ၏လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်အား လက်ခံတွေ့ဆုံမှုသတင်း
ဇွန်လ ၁၃၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဥရောပ သမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Eamon Gilmore ဦးဆောင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီး ဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအတွက် ကုလသမဂ္ဂကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRC)၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာစာချုပ် (CEDAW)၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာစာချုပ် (CRPD)နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ စာချုပ်(ICESCR)စသည့် လူ့အခွင့်အရေး ပင်မ … Read more
-
မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၉)ရက်နေ့ နံနက်(၉း၀၀)နာရီမှ(၁၁း၀၀)နာရီထိ မိုင်းဖြတ်မြို့ အ-လ-က (ပါဆန်း)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၁၇၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်နှင့် ဗီနိုင်း ပိုစတာများဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မင်းဘူးခရိုင်ဦးစီးမှူးရုံး ဖွင့်လှစ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးလက်အောက်ရှိ မင်းဘူးခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားကို (၁၃-၆-၂၀၁၉)ရက်နေ့ နံနက် (၀၈း၀၀)နာရီအချိန်တွင် ဖွင့်လှစ်ခဲ့ရာ အခမ်းအနားကို အပိုင်း(၂)ပိုင်းဖြင့် ဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်(၁)အရ တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာ တွင် မင်းဘူးခရိုင်အတွင်း သဘာဝဘေးများဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့နိုင်ရန်အတွက် ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ပါ ကြောင်း၊ အခမ်းအနားအစီအစဉ်(၂)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်တို့မှ ခရိုင်ဦးစီးမှူးရုံးဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါကြောင်း အခမ်းအနားကို (၀၉း၀၀) အချိန် ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mgy_jun2019 Source: … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီးအား လက်ခံတွေ့ဆုံမှုသတင်း
ဇွန်လ ၁၂၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံ ဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes ဦးဆောင်သောအဖွဲ့က ယနေ့ နေ့လည်ပိုင်းတွင် အဆိုပါ ဝန်ကြီးဌာန၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နော်ဝေနိုင်ငံ၊ အော်စလိုမြို့၌ ကျင်းပခဲ့သော ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်မှုအဆုံးသတ်ရေး နိုင်ငံတကာ ညီလာခံအား တက်ရောက်ခဲ့ပြီးနောက် ဆက်လက်အကောင်အထည်ဖေါ်ဆောင်ရွက်သွားမည့်ကိစ္စများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ရေးဆွဲဆောင်ရွက်မှု နောက်ဆုံးအခြေအနေများ၊ ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဆိုင်ရာပူးတွဲကြေငြာချက် … Read more
-
အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးသင်တန်းဆင်းပွဲနှင့် သိုလှောင်ရုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေလက်ခံခြင်းအခမ်းအနားကျင်းပမှုသတင်း
ဇွန် ၁၂၊ နေပြည်တော် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)တို့ပူးပေါင်း ဖွင့်လှစ်သည့် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေး သင်တန်းဆင်းပွဲနှင့် ပဲခူးတိုင်းဒေသကြီးဦးစီမှူးရုံး၊ သိုလှောင်ရုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေလက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ သင်တန်းဆင်းအမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူအတွက် ဘေးအန္တရာယ်ဆိုင်ရာ နှင့်ပတ်သက်လျင် ကြိုတင်ကာကွယ်မှုလုပ်ငန်းများ၊ ဘေးဖြစ်ပွားခဲ့လျင် အလျင်အမြန် ထိထိရောက်ရောက် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ပါကြောင်း၊ ဆောင်ရွက် သည့်နေရာတွင် ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်နှင့်အထူးသဖြင့် လူ့အသက်ဆုံးရှုံးမှုများမရှိစေရန် … Read more
-
ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကမ်းပြိုဘေးနှင့် မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး မှ ဝန်ထမ်းများသည် (၂၉-၅-၂၀၁၉)ရက်နေ့၌ သနပ်ပင်မြို့နယ်၊ ဘုရားကြီးပိုင်းရပ်ကွက်၊ ဘုရားကြီးပိုင်း(၁)လမ်းတွင် ဖြစ်ပွားခဲ့သော ကမ်းပြို ဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-)ကျပ် (၃-၆-၂၀၁၉)ရက်နေ့၌ သနပ်ပင်မြို့နယ်၊ မကြက်စုကျေးရွာအုပ်စု၊ မကြက်စုကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးမှ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ် (၃-၆-၂၀၁၉)ရက်နေ့၌ သနပ်ပင်မြို့နယ်၊ ထောင်မင်းကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀ဝ/-)ကျပ်၊ လူဦးရေ(၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ … Read more
