Author Archives: Aye Kyimann
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၇) ရွာ၌ COVID-19 ရောဂါကူးစက်ပျံ့ပွားမှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များ လှည့်လည်ဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်ပေးရရှိပါသည်။ #ar #ayy_apr2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်၊ (၀၉:၀၀) နာရီတွင် စစ်တွေမြို့၊ အုန်းတောကြီးတောင်နှင့် အုန်းတောကြီး မြောက် IDP စခန်းများ၌ စခန်းနေပြည်သူများအတွက် Covid-19 ကူးဆက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များအား စခန်းကော်မတီဝင်များနှင့်ပူးပေါင်း၍ အသိပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁.၄.၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီမှစတင်ပြီး ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ဆောင်စမ်းကျေးရွာအုပ်စု၊ ကျောက်ဆောင်စမ်းကျေးရွာ၊ စည်ပင်လှကျေးရွာဒေါင်းလှကျေးရွာသို့ သွားရောက်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဆင်ပေါက်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှဦးဆောင်၍ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး (၁-၄-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီအချိန်ထိမွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ကဒါရပ်ကွက်စျေး မြို့သစ်(၈)လမ်း ကဒုံစီးစျေးလမ်းနှင့် ဇင်းကျိုက်မြို့ ဖလပ်ရပ်ကွက် ဆားဖိုစုရပ်ကွက် ဇင်းကျိုက်ရပ်ကွက် ခလောက်အင်း ရပ်ကွက်တို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့ (၁၃:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်ထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ သီရိနန္ဒာရပ်ကွက်၊ အဏ္ဏာဝါရပ်ကွက်၊ အဘော်ကျေးရွာအုပ်စု၊ နေရပ်ပြန်ပြည်သူများထားရှိရာ နေရာများနှင့် လူစည်ကားသောနေရာတို့တွင် COVID – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောက်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၄-၂၀၂၀) ရက်နေ့တွင် ရွှေဘိုမြို့၊ မောင်းတက်၊ အုန်းပေါက်၊ ကိုးပင်ကျေးရွာတို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ်ပွားစေနိုင်ရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန် များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများ၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)#sgg_apr2020
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၃၁.၃.၂၀၂၀) ရက်နေ့ တွင် (၁၅:၀၀)နာရီမှ စတင်၍ (၁၆:၀၀) နာရီအချိန်ထိ Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ အစည်းအဝေးတက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများအား အသိပညာပေးနှိုးဆော်ချက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_mar2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံ ခရိုင်ဉီးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် နံနက် (၈:၀၀) နာရီအချိန်မှ (၁၉:၀၀) နာရီအချိန်ထိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူပေါင်း၍ ကျိုင်းတုံ – တာချီလိတ်လမ်း၊ နောင်နွန်းစုပေါင်းဂိတ်တွင် ကျိုင်းတုံမြို့တွင်းသို့ အ၀င်အထွက်ယာဉ်လိုင်းများတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး … Read more
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ နားမားကျေးရွာ၊ ရေပူစမ်းကျေးရွာ၊ ဖားအီကျေးရွာ၊ လွယ်ဆောင်ကျေးရွာ၊ ပါထန်ကျေးရွာနှင့် ဟိုနားကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့ စက်ဖြင့် လှည့်လည်ဟောပြောခြင်း နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source: မိုင်းဆတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လောက်ကိုင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၃-၂၀၂၀) ရက်နေ့တွင် လောက်ကိုင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် လောက်ကိုင်မြို့ပေါ်ရပ်ကွက်ဖြစ်သော ရပ်ကွက် (၂) တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေးဟောပြောခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကိုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_mar2020 Source: လောက်ကိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
