Author Archives: Hlaing ChoOo

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မုန်တိုင်းဘေးအန္တရာယ်တို့နှင့် ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှစ၍ (၁၂:၀၀) နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ဘုရားငုတ္တိုကျေးရွာ၊ ရေတွင်းရေကန်ကျေးရွာ၊ တောင်ကွဲကြီးကျေးရွာနှင့် ပေသလပ်ကုန်းကျေးရွာတို့တွင် လတ်တလော နိုင်ငံ အသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်ပြီး ဆောင်ရန်/ ရှောင်ရန်များနှင့် သဘာဝဘေး (ရေဘေး၊ မိုးကြိုးဘေး၊ မုန်တိုင်းဘေး) တို့နှင့်ပတ်သတ်သည့် လိုက်နာ ဆောင်ရွက်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Jul2020 … Read more

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တရာယ်တို့နှင့် ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၊ မှိန်ဂနိမ်း ကျေးရွာ၊ ကျောက်တလုံးကျေးရွာနှင့် နိုင်းပြိုင်ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Jul2020 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ လေပြင်းဘေးအန္တရာယ်တို့နှင့် ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့ (၀၇:၀၀) နာရီမှ (၁၁:၀၀) နာရီအချိန်ထိ မကွေးမြို့နယ်၊ ကံလှကျေးရွာ၊ ဒဟတ်ကန်ကျေးရွာများသို့ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးနှင့် မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေးနှင့် လေပြင်း ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို Loud speaker အသုံးပြု၍ ဆောင်ရွက်ခဲ့ပါကြောင်းနှင့် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ar #mgy_Jul2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ရေဘေးအသိပညာပေးဗီနိုင်းဆိုင်းဘုတ်စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀)ရက်နေ့၌ ညောင်တုန်းမြို့နယ်အတွင်းရှိ ပြည်သူများ သဘာဝဘေးအသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ နွေရာသီကာလ၌ တပ်ဆင်ထားသည့် မီးဘေးအသိပညာပေးဗီနိုင်းအစား ရေဘေးအသိပညာပေးဗီနိုင်း (၉x၆) ပေအား ညောင်တုန်းမြို့၊ အမှတ် (၇) ရပ်ကွက်၊ ရဲမာန်ဟုန်လမ်းထောင့်၊ မိုးဟုတ်ဘုရားကြီး ဘေးတွင် ပြောင်းလဲစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fld #ayy_Jul2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့် မုန်တိုင်းဘေး၊ ရေဘေး၊ မိုးကြိုးဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍(၈-၇-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ကြိမ်ကွင်းကျေးရွာအုပ်စုအတွင်းရှိ ထန်းပင်ကွင်းကေျးရွာ၊ ဘဝင်းစုကေျးရွာ၊ ကုလားပိုကျေးရွာ၊ ကနစိုပင်ကျေးရွာ၊ ရွှေနန်းချောင်းကျေးရွာနှင့် ကျွန်းချောင်းကျေးရွာများတို့တွင်(ဒုတိယအကြိမ်) Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းများကို အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်း၍ Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_Jul2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၈-၇-၂၀၂၀) ရက်နေ့တွင် အောင်ရတနာရပ်ကွက်၊ အောင်လံရပ်ကွက်၊ ထန်းတောရပ်ကွက်များတွင် COVID-19 ရောဂါ ကူးစက် မှုမပြန့်ပွားစေရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_Jul2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပက်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၇-၂၀၂၀) ရက်နေ့တွင် မုံရွာမြို့၊ ရတနာပုံရပ်ကွက်၊ ကျောက်ကျင်းရပ်ကွက်တို့တွင် COVID-19 ရောဂါကူးစက်မှုမပြန့်ပွား စေရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_Jul2020 Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events