Author Archives: Hlaing ChoOo
-
ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့နေအိမ်အတွက် ထောက်ပံ့ငွေပေးအပ်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၊ အမှတ်(၃)ရပ်ကွက်တွင် (၈-၇-၂၀၂၁)ရက်နေ့၌ မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်ကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၆,၃၀၀/-) ကျပ်တို့အား (၂၉-၇-၂၀၂၁) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ygn_jul2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန် မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ကျန်စစ်သားရပ်ကွက်တွင် (၂၇-၇-၂၀၂၁)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးဖြစ်ပွားခဲ့ရာ ပြိုကျအိမ်ခြေ (၁)လုံး၊ တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ် (၄) လုံး၊ အိမ်ထောင်စု (၅)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၃၀၀,၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၇,၈ဝဝ/-) ကျပ်တို့အား (၂၉-၇-၂၀၂၁) ရက် နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jul2021 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁) ရက်နေ့ (၁၅း၃၀) နာရီအချိန်ခန့်တွင် သထုံမြို့နယ်၊ တံတားဦးကျေးရွာအုပ်စုတွင် လေပြင်း တိုက်ခတ် မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ် (၂) လုံးနှင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လူနေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၁၂,၀၀၀/-) ကျပ်နှင့် လူဦးရေစုစုပေါင်း (၃၇)ဦးတို့ အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၇၇,၇၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၉၈၇၀၀/-)ကျပ်အားလည်းကောင်း၊ ပြိုကျပျက်စီးလူနေအိမ် (၂)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ စိုင်တီစုကျေးရွာအုပ်စု၌ (၂၃-၇-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ် (၆) လုံး၊ ပြိုလဲနေအိမ် (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၉၀,၀၀ဝ/-)၊ လူဦးရေ (၃၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၇၅,၆၀ဝ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၈၆၅,၆၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၂) အိမ်ထောင်စာ၊ ကတ္ထူစက္ကူပုံး(၂)ပုံးတို့ကိုလည်းကောင်း၊(၂၄-၇-၂၀၂၁) ရက်နေ့ ဝေါမြို့နယ်၊ ဆင်ရွာကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ် (၇)လုံး၊ ပြိုလဲနေအိမ် (၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ … Read more
-
လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုဒုံမြို့နယ်၊ မှိန်ကနိမ်းကျေးရွာအုပ်စုတောင်ပိုင်း၌ (၂၆-၇-၂၀၂၁) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်း တိုက်ခတ်မှု ကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၁)လုံးမှ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀ဝ/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၄) ဦး အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၈,၄၀ဝ/-)ကျပ်တို့အားလည်းကောင်း၊ မုဒုံမြို့နယ်၊ မှိန်ကနိမ်း ကျေးရွာအုပ်စု၊ ကော့ကဗွီးကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁)လုံးနှင့် … Read more
-
ရေဘေးရှောင်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၇-၂၀၂၁)ရက်နေ့မှစ၍ ဘီးလင်းမြစ်ရေဝင်ရောက်မှုကြောင့် ဘီးလင်းမြို့ပေါ်ရှိ မြေနိမ့်ပိုင်း ဖြစ်သော ကန်သာယာရပ်ကွက်၊ ဘိုးရာဇာရပ်ကွက်၊ ဆရာစံရပ်ကွက်၊ ဘိုးလှကြီးရပ်ကွက်၊ ကဒီပု ကျေးရွာအုပ်စု၊ ကျားကွင်းကျေးရွာအုပ်စု၊ ညောင်ပုလင် ကျေးရွာအုပ်စုနှင့် ရွှေလှေကျေးရွာအုပ်စု တို့မှ ကယ်ဆယ်ရေးစခန်း (၁၂) ခုရှိ ရေဘေးရှောင်အိမ်ထောင်စု(၁၇၈)စု လူဦးရေ( ၇၉၆) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁,၆၇၁,၆၀၀/-) ကျပ်တို့အား (၂၉-၇-၂၀၂၁) ရက်နေ့ တွင် (၁၄:၀၀) နာရီအချိန်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ … Read more
-
လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအုပ်စု၊ ဖားကြီးကျေးရွာ၌ (၂၆-၇-၂၀၂၁)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှု ကြောင့် ပြိုကျပျက်စီးခဲ့သည့် တောတိုင်၊ ပျဥ်ခင်း၊ ဖက်မိုး၊ ဝါးထရံကာ လူနေအိမ်(၁)လုံးမှ အိမ်ထောင်စု (၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၁)အိမ်ထောင်စာ၊ အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀/-) ကျပ်၊ စုစုပေါင်း (၁၁၂,၆၀၀/-)ကျပ်တို့အား (၂၉-၇-၂၀၂၁)ရက်နေ့ (၁၃း၀၀)နာရီ အချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ရေဘေးရှောင်ကယ်ဆယ်ရေး စခန်းများမှ အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဘေးရှောင်ကယ်ဆယ်ရေး စခန်းများမှ အိမ်ထောင်စုများအတွက် မာမား (၃၀) ထုပ်ပါ (၆၀) ဖာကို အရှေ့တောင် တိုင်းစစ် ဌာန ချုပ်ကိုယ်စား ဗိုလ်မှူးကြီးတိုးဝင်းမှ လည်းကောင်း၊ (၂၇-၇-၂၀၂၁) ရက်နေ့ (၁၈:၀၀) အချိန်မှ (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၂၀၀) နာရီအချိန်ထိ ကယ်ဆယ်ရေးစခန်း (၁၂) ခုသို့ ရောက်ရှိလာသည့် ထပ်တိုးလူဦးရေ (၂၄၂၀) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅,၀၈၂,၀၀၀/-) ကျပ်တို့အား လည်းကောင်း၊ … Read more
-
မြစ်ရေကြီးမှုအခြေအနေသတင်း
(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက်၊ (၁၂:၀၀)နာရီ အချိန်ထုတ်ပြန်ချက်) စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၅)လက်မခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင် ပါသည်။ သောင်ရင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၁:၃၀)နာရီအချိန် တိုင်းထွာချက်အရ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၇)ပေခန့် ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း … Read more
-
မြဝတီမြို့ရှိ ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဃ်န်းညီနောင်အခြေချ စစ်ဗျူဟာ၊ ရှေ့တန်းအမှတ် (၂၇၅) တပ်ရင်းနှင့် နယ်ခြားစောင့် တပ်ရင်းအမှတ် (၁၀၁၇) တို့မှ ပူးပေါင်း၍ (၂၆-၇-၂၀၂၁) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်း၍ သောင်ရင်းမြစ်ရေ လျှံတက် ပြီး အနိမ့်ပိုင်းနေရာများသို့ရေကြီးမှု ဖြစ်ပွားခဲ့သည့်အတွက် ရေဘေးသင့် အိမ်ထောင်စုများ အတွက် ဆန်(၆)ပြည် အိတ်(၆၀၀)အိတ်တို့အားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် စေတနာရှင်များမှ ထမင်းဘူး(၅၀၀)ဘူးတို့အား (၂၈-၇-၂၀၂၁) ရက်နေ့တွင် ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်းနှင့် … Read more
