Author Archives: Hlaing ChoOo

  • ကမ်းပြိုဘေးကြောင့်ပြောင်းရွှေ့ အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊  ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၉-၇-၂၀၂၁)နေ့ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာမှ နေအိမ် (၃၈)လုံး၊ လူဦးရေ (၁၁၉) ဦး၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာမှ နေအိမ် (၄)လုံး၊ လူဦးရေ (၁၈) ဦး ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းကြသော စုစုပေါင်းအိမ်ခြေ (၄၂) လုံးအတွက် ရွှေ့ပြောင်းစရိတ် (၄၂) သိန်း လူဦးရေ (၁၃၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၈၇,၇၀၀/-) စုစုပေါင်းထောက်ပံငွေ (၄၄၈၇၇၀၀/-) … Read more

  • ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဇိုင်းဂနိုင်းတောင်ပိုင်းရပ်ကွက်၊ ဖောင်တော်ဦး ကွက်သစ်(၅)လမ်းတွင် (၂၈-၇ ၂၀၂၁) ရက် နေ့၌ ပဲခူးမြစ်ရေ မြင့်တက်လာမှုကြောင့် ထပ်မံပြောင်းရွှေ့သည့် ဘေးသင့်အိမ်ထောင်စု(၉၀)စုရှိ လူဦးရေ (၄၃၉) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၉၂၁,၉၀ဝ/-)ကျပ်နှင့် လူ(၁)ဦးလျှင် ပါးစပ်နှင့် နှာခေါင်းစည်း Mask (၂) ခုနှုန်းဖြင့် Mask (၈၇၈)ခု၊ တန်ဖိုးငွေ (၅၂,၆၈ဝ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၉၇၄,၅၈ဝ/-) ကျပ်တို့အား ဘေးသင့်ပြည်သူများလက်ဝယ်အရောက် … Read more

  • ရေနစ်သေဆုံးသူအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၉-၇-၂၀၂၁) ရက်နေ့ တွင် ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဇင်းဘာကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ရေဘေးတွင် ရေနစ်သေဆုံးသူ(၁)ဦးအတွက် နာရေးထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား  (၃၀-၇-၂၀၂၁) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ကလိန်အောင်မြို့၊ မြို့အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ha_fld #tny_jul2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)  

  • ရေဘေးအသိပညာပေးဗွီနိုင်းတပ်ဆင်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၁) ရက်နေ့၊(၁၅၀၀) နာရီအချိန်တွင် ခန္တီးမြို့နယ်အတွင်းပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ရေဘေးအသိပညာပေးဗွီနိုင်းဆိုင်းဘုတ်အား ခန္တီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးရုံးရှေ့ ကြော်ငြာသင်ပုန်းတွင် တပ်ဆင်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar_fld #sgg_jul2021 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၁) ရက်နေ့၊ (၁၀းဝဝ) နာရီအချိန်နှင့် (၂၉-၈-၂၀၂၁)ရက်နေ့ (၀၈း၄၀)နာရီအချိန်တို့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ​​ကျုံ​ဟော်ကျေးရွာအုပ်စုနှင့် မုတ္တမ-ကျွဲခြံကျေးရွာအုပ်စုတို့တွင်​ လေပြင်းတိုက်ခတ် မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် လူနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေစုစုပေါင်း (၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇)ရက်စာ (၁၆,၈၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၃၁၆,၈၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာ တို့အား … Read more

  • မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၁)ရက်နေ့တွင် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ကွမ်းသီးချောင်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်ပြိုလဲခဲ့ကာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် လေဘေးသင့်နေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ (၈,၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၈၈,၄၀၀/-)ကျပ်တို့အား(၃၀-၇-၂၀၂၁)ရက်နေ့ (၁၄း၃၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #tny_jul2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းကျေးရွာအုပ်စု၊ စက်တန်းကျေးရွာတွင် (၁၉-၇-၂၀၂၁)ရက်နေ့၌ဖြစ်ပွားခဲ့သော မီးဘေး သင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုမှ လူဦးရေ (၅)ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး ထောက်ပံ့ငွေ (၄၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၀၅၀၀/-)ကျပ်တို့အား (၃၀-၇-၂၀၂၁)ရက်နေ့ (၀၉း၄၅)နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_jul2021 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • လေဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် တနင်္သာရီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၇-၂၀၂၁)ရက်နေ့တွင်  တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်း (၁)ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၀,၀၀၀/)ကျပ်၊  ဘေးသင့်လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာ (၁၂,၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၂,၆၀၀/-) ကျပ်တို့အား (၃၀-၇-၂၀၂၁)ရက်နေ့၊ (၁၂းဝဝ)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ha_sgw #tny_jul2021 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး၊တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • ရေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၇–၂၀၂၁)ရက်နေ့မှစ၍ ဘီးလင်းမြစ်ရေဝင်ရောက်မှုကြောင့် ဘီးလင်းမြို့ပေါ်ရှိ မြေနိမ့်ပိုင်း ဖြစ်သော  ရပ်ကွက်/ကျေးရွာအုပ်စုတို့ရှိ ကယ်ဆယ်ရေးစခန်း(၁၂)ခုအနက်မှ ရွှေလှေကျေးရွာအုပ်စုမြောက်ကျောင်းဘုန်းကြီးကျောင်းကယ်ဆယ်ရေးစခန်းသို့ ထပ်တိုးအိမ်ထောင်စု (၃)စု၊ လူဦးရေ (၆)ဦးအတွက် (၇)ရက်စာဆန်ဖိုးငွ(၁၂,၆၀၀/-) ကျပ်အား (၃၀-၇-၂၀၂၁)ရက်နေ့၊ (၁၄:၀၀)နာရီ အချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_jul2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • Covid – 19 ကူးစက်‌ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လှုမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၁)ရက်နေ့တွင် တောင်ကြီးမြို့နယ်၊‌ ကုန်းမုန်ကျေးရွာ၊ ကန်တုန်ကျေးရွာနှင့် သံလွန်းစံပြကျေးရွာတို့တွင် Covid – 19 ရောဂါ တတိယလှိုင်းကူးစက်ပျံ့နှံ့မှုပိုမိုမဖြစ်ပွားစေရန်အတွက် ဆောင်ရန်/ ရှောင်ရန်အချက်များကို အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်နှင့် တစ်ခါသုံး Mask ဝေငှခြင်း အစီအစဉ်တို့ကို ‌ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jul2021 Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)  

Sign Up

Upcoming Events