ကမ်းပြိုဘေးကြောင့်ပြောင်းရွှေ့ အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊  ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၉-၇-၂၀၂၁)နေ့ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာမှ နေအိမ် (၃၈)လုံး၊ လူဦးရေ (၁၁၉) ဦး၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာမှ နေအိမ် (၄)လုံး၊ လူဦးရေ (၁၈) ဦး ကမ်းပြိုဘေးကြောင့် ဘေးလွတ်ရာရွှေ့ပြောင်းကြသော စုစုပေါင်းအိမ်ခြေ (၄၂) လုံးအတွက် ရွှေ့ပြောင်းစရိတ် (၄၂) သိန်း လူဦးရေ (၁၃၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၂၈၇,၇၀၀/-) စုစုပေါင်းထောက်ပံငွေ (၄၄၈၇၇၀၀/-) ကျပ်တို့အား (၃၀-၇-၂၀၂၁) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရပ်ကျေးအဖွဲ့တို့နှင့်ပူးပေါင်း၍ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_rbe

#bgo_jul2021

Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

 

Sign Up

Upcoming Events