Author Archives: Hlaing ChoOo
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၁၇) ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ ညောင်ငုတ္တိုကျေးရွာနေ ပြည်သူလူထု (၁၀၀) ဦးခန့်အား သဘာဝဘေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ၊ မီးဘေးအန္တရာယ်များ၊ မိုးရာသီ ကာလဖြစ်၍ မုန်တိုင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးနှင့်ပတ်သက်၍ ပြည်သူများသို့ အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ််ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စု၊ ဒည်ကုန်း ကျေးရွာတွင်် (၂၄-၇-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သောရေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ််(၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ (၂) ဦးအတွက် (၂၂) မျိုးပါ Family Kits (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,ဝဝဝ)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄,၂၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၄,၂၀၀) ကျပ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့် မြို့နယ်အတွင်း … Read more
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ မိုးကွဲကျေးရွာအုပ်စု၊ ချင်းယားကျေးရွာ၌ (၁၉-၇-၂၀၁၇) ရက်နေ့တွင် မြစ်ရေတိုက်စား၍ ကမ်းပါးပြိုမှုကြောင့် ကမ်းပြိုဘေးသင့် အိမ်ခြေ (၉) လုံး၊ အိမ်ထောင်စု (၉) စု၊ လူဦးရေ (၅၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁၁၇,၆၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀) ကျပ် စုစုပေါင်း (၁,၀၁၇,၆၀၀) တို့အား (၂၅-၇-၂၀၁၇) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘီးလင်းမြို့နယ်အတွင်း၌ (၁၉-၇-၂၀၁၇) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွတ်ရာသို့ ခေတ္တပြောင်းရွှေ့နေထိုင်သော ကန်သာသာရပ်ကွက်နှင့် ဘိုးရာဇာရပ်ကွက်တို့မှ အိမ်ထောင်စု (၁၃၅) စု၊ လူဦးရေ (၆၁၉) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၁,၂၉၉,၉၀၀) ကျပ်တို့အား (၂၄-၇-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၅-၇-၂၀၁၇) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ ကျိုက်ပရန်ကျေးရွာရှိ လူဦးရ (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် Action Aid Myanmar (ဖျာပုံ)အဖွဲ့နှင့်ပူးပေါင်း၍ (၂၃-၇-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာအုပ်စု ကင်းဝန်း ကျေးရွာတွင် ကျောင်းသားလူငယ်များအား ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသ်ိပညာပေး သင်တန်းအား (၃၀)ဦး ဖြင့်ဖွင့်လှစ်ခဲ့ပါသည််။ ယင်းကျေးရွာသည် ပင်လယ်ကမ်းစပ်မုတ္တမ ပင်လယ် ကွေ့တွင်တည်ရှိပြီး အချိန်မရွေး သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နိုင်သဖြင့် ကြိုတင်ပြင် ဆင်ရေးဆိုင်များအလေးထားဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ Vinyl ပိုစတာများဝေငှေးပးခဲ့ပြီး DAN and Kobo Appးအကြောင်းများလည်းရှင်းလင်းဆွေးနွေးပေးခဲ့ကာ အရေးပေါ်သုံး အထောက် အကူပြုပစ္စည်းများလည်းပ့ံပိုးပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲများကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် Action Aid Myanmar (ဖျာပုံ)အဖွဲ့နှင့်ပူးပေါင်း၍ (၂၂-၆-၂၀၁၇) ရက်နေ့တွင် ဖျာပုံမြို့နယ် ဒေးဒလူကျေးရွာအုပ်စု မင်္ဂလာသောင်တန်းကျေးရွာ(အ-မ-က)တွင်ကျောင်းသားလူငယ်များအား ကျောင်းတွင်းဘေးအန္တရာယ် လျှော့ချရေးသင်တန်းကိုဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။ ယင်းကျေးရွာသည် ပင်လယ်ကမ်းစပ်မုတ္တမ ပင်လယ်ကွေ့တွင်တည်ရှိပြီး အချိန်မရွေး သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နိုင်သဖြင့် ကြိုတင်ပြင် ဆင်ရေးဆိုင်များအလေးထားဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ Vinyl ပိုစတာများဝေငှေးပးခဲ့ပြီး DAN and Kobo Appးအကြောင်းများလည်းရှင်းလင်းဆွေးနွေးပေးခဲ့ကာ အရေးပေါ်သုံး အထောက် အကူပြုပစ္စည်းများလည်းပ့ံပိုးပေးခဲ့ကြောင်းသတင်းရရှိပါသည်။ Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရန် အဆင်သင့်ဖြစ်မှုအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် သိပ္ပံနှင့်နည်းပညာပံ့ပိုးမှု လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးပြောကြားမှုသတင်း
၂၃.၇.၂၀၁၇ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် အချို့ဒေသများတွင် မြစ်ရေကြီးခြင်းများဖြစ်ပေါ် လျက်ရှိရာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ရပ်ကွက်ကျေးရွာများတွင်ရှိကြသော ပြည်သူများသည် ရေကြီးနစ်မြုပ်မှုကြောင့် ယာယီရေး ဘေးရှောင်စခန်းများသို့ ခေတ္တခိုလှုံနေထိုင်လျက်ရှိပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများလိုက်ပါလျက် ရေးဘေးရှောင်ယာယီခို လှုံရေးစခန်းတစ်ခုဖြစ် သော ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက် တောရဘုန်းတော်ကြီးကျောင်းသို့ ယနေ့ရောက်ရှိကြပြီး ရေဘေးရှောင်ပြည်သူများနှင့် တွေ့ဆုံကာ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားပါသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပြည်ထောင်စု အစိုးရနှင့်ပြည်နယ်အစိုးရတို့ … Read more
-
ကမ်းပြိုဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ စစ်ကုန်းကျေးရွာအုပ်စု၊ သဒ္ဓမ္မကျွန်းကျေးရွာ ၊သက္ကယ်တန်းကျေးရွာအုပ်စု၊ ဘုရားကျွန်းကျေးရွာ၊ သက္ကယ်ပြင်(သံ)ကျေးရွာအုပ်စု၊ ကညင်ရိုးကျေးရ
-
ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ ရေပေါ်ကြီးကျေးရွာအုပ်စု၊ ကုလားမချောင်ကျေးရွာနှင့် အထက်ကဇင်းတောကျေးရွာတို့တွင် (၁၄-၇-၂၀၁၇) ရက်နေ့မှ (၁၆-၇-၂၀၁၇) ရက်နေ့၌ မြစ်ရေမြင့်တက်လာသဖြင့် ကမ်းပြိုမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် (၂၅) လုံး၊ အိမ်ထောင်စု (၂၅) စုမှ လူဦးရေ (၉၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀) မျိုး (၂၅) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂,၅၀၀,၀၀၀)၊ ဆန်ရိက္ခာ(၇) ရက်စာ (၁၈၉,၀၀၀)၊ စုစုပေါင်းရန်ပုံငွေ (၂,၆၈၉,၀၀၀) ကျပ်တို့အား (၁၇-၇-၂၀၁၇) ရက်နေ့တွင် ပန်းတနော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ … Read more
