Author Archives: Hlaing ChoOo
-
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးခရိုင်၊ မကွေးမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာတွင် ( ၁-၉-၂၀၂၁) ရက်နေ့၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးသင့်အိမ်ခြေ (၈)လုံး၊ အိမ်ထောင်စု(၈)စု၊ လူဦးရေ (၃၀) ဦးတို့ ပြောင်းရွှေ့မှုအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆၃၀၀၀/-) တို့ကျပ်တို့အား (၂-၉-၂၀၂၁)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) #ha_fld #mgy_sep2021
-
COVID-19 အသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များ အကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြင်းခြံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၁) ရက်နေ့တွင် မြင်းခြံမြို့နယ် ရပ်ကွက် (၁၄,၁၅,၁၆,၁၇,၁၈,၁၉,၂၀)၊ စားကြူးကျေးရွာအုပ်စု၊ စားကြူးကျေးရွာ၊ စားကြူး အလယ်ကျေးရွာ၊ ကြည်ကျေးရွာအုပ်စု၊ ကြည်ကျေးရွာ၊ ဥဒယကျေးရွာ၊ ယုန်ထိုးကျေးရွာအုပ်စု၊ ယုန်ထိုးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ဘလဲ့ကျေးရွာ၊ တောင်ပုံကျေးရွာ၊ ပြားကျေး ရွာအုပ်စု၊ ပြားကျေးရွာ၊ နယ်ခြားကျေးရွာ၊ ရပ်ကွက်(၇)၊ ကျေးရွာအုပ်စု(၄)စုနှင့် ကျေးရွာ(၉)ရွာများသို့ သွားရောက်၍ COVID-19 အသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ်များအကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း … Read more
-
COVID-19 ကူးစက်ရောဂါကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၈-၂၀၂၁) ရက်နေ့၊ (၁၁:၀၀) နာရီ အချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့၊ သိမ်ကုန်း ရပ်ကွက်နှင့် ကမာဝက်ရပ်ကွက်တို့တွင် သဘာဝဘေးအန္တရာယ်များနှင့် COVID-19 ကူးစက်ရောဂါ ကာကွယ်ရေးအသိပညာပေးခြင်းအား အသံချဲ့စက်များဖြင့်ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ ရုံးဆိပ်ကျွန်း ကျေးရွာအုပ်စု၊ ရုံးဆိပ်ကျွန်းကျေးရွာတွင် (၂၆-၈-၂၀၂၁) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါပြို ကြိုတင်ပြောင်းရွေ့အိမ်ခြေ (၁၀) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၀၀၀,၀၀၀/-)၊ လူဦးရေ (၅၅) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၁၅,၅၀၀/-) ကျပ်နှင့် မာန်မြေ ကျေးရွာအုပ်စု၊ ရွာသာကုန်းကျေးရွာတွင် (၂၆-၈-၂၀၂၁) ရက်နေ့တွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါပြို ကြိုတင်ပြောင်းရွေ့ အိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀/-)၊ လူဦးရေ … Read more
-
Covid-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉ -၈-၂၀၂၁) ရက်နေ့၌ ရေဖြူမြို့နယ် (ဂ) ရပ်ကွက်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ရောဂါ ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေး အန္တရာယ် များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများအား ရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ မာန်မြေကျေးရွာ အုပ်စု၊ ရွာသာကုန်းကျေးရွာတွင် (၂၈-၈-၂၀၂၁)ရက်နေ့တွင် ဧရာဝတီမြစ်ရေတက်၍ ကျေးရွာတွင် ရေဝင်ရောက်သဖြင့်ပင်းစက္ကလံပဘုရား ကယ်ဆယ်ရေးစခန်းသို့ပြောင်ရွေ့နေထိုင်သော အိမ်ခြေ(၄၁) လုံးမှ လူဦးရေ (၁၈၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၈၄,၃၀၀/-)ကျပ်အား (၂၉-၈-၂၀၂၁) ရက် နေ့၊ (၁၄း၀၀)နာရီအချိန်တွင် မကွေးခရိုင်အုပ်ချုပ်ရေးမှူး၊ ရေနံချောင်းမြို့နယ်အုပ်ချုပ်ရေမှူး တို့နှင့် အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #mgy_aug2021 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အသိပညာပေး ဗီနိုင်းဆိုင်းဘုတ် လဲလှယ်တပ်ဆင်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၉-၈-၂၀၂၁) ရက်နေ့၊(၁၁း၀၀)နာရီမှ (၁၁း၃၀) နာရီအချိန် ထိမွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် မုတ္တမကျေးရွာ တွင် ယခင်စိုက်ထူထား သော မုန်တိုင်းဘေး ဗီနိုင်းပိုစတာအစား Covid-19 ရောဂါကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန် ဆောင်ရန်/ ရှောင်ရန်အချက်များကို ပြည်သူများ သိရှိလိုက်နာစေရန်အတွက် အသိပညာပေးဗီနိုင်း ဆိုင်းဘုတ်အားလဲလှယ် ကပ်ထားပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2021 Source: သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၉)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း (အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်- ဩရိဿတောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။”
-
Covid-19ကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၁) ရက်နေ့၌ ထားဝယ်မြို့နယ်၊ အိုးလုပ်ရပ်ကွက်နှင့် ပိန္နဲတောရပ်ကွက်တို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော Covid-19 ကူးစက်မှုမဖြစ်စေရန် အသိပညာပေးခြင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #tny_aug2021 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
Covid -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်ဦးစီမှူရုံးမှ တာဝန်ရှိသူများသည် (၂၈-၈-၂၀၂၁)ရက်နေ့ (၁၀:၃၀) နာရီအချိန်မှ(၁၂:၀၀)နာရီအချိန်အထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇရပ်ချောင်ကျေးရွာနှင့် စကကျေး ရွာတို့တွင်နေထိုင်သော ပြည်သူများအား Covid-19 ရောဂါကူးစက်နှံ့မှုများမဖြစ်ပွားစေရန်အတွက် လိုက်နာ ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များကို Hand Speaker တို့ဖြင့်လှည့်လည် အသိပေးဟောပြောခြင်းအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #mon_aug2021 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
