Author Archives: Hlaing ChoOo

  • ငလျင်ဘေးအန္တရာယ်အကြောင်း သိကောင်းစရာများနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟော ပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖလမ်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၉-၂၀၁၈) ရက်နေ့၊ (၁၄း၀၀) နာရီအချိန်တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း (နတလ) တွင် ကျောင်းအုပ်ကြီးနှင့် အုပ်ချုပ်သူများ၊ ကျောင်းသား/သူများ စုစုပေါင်း (၆၅) ဦးတို့အား ငလျင်ဘေးအန္တရာယ် အကြောင်းသိကောင်းစရာများနှင့် အခြားသဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများ ဟောပြောဆွေးနွေးခြင်း၊ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source:ဖလမ်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_eqk #chn_Sep2018

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကျိုင်းတုံမြို့ ရေပေးဝေရေစခန်းအား ကြည့်ရှုခြင်းနှင့် တာချီလိတ်ခရိုင်အတွင်းရှိ မသန်စွမ်းများထောက်ပံံ့ပွဲသို့ တက်ရောက်မှုသတင်း

    စက်တင်ဘာ၂၃၊ တာချီလိတ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကျိုင်းတုံမြို့ ရေပေးဝေရေစခန်းအား ကြည့်ရှုခြင်းနှင့် တာချီလိတ်မြို့ရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီလဓမ္မကုန်းသာတောရကျောင်း၊ ဘန္ဒန္တအရှင်ကောဝိဒ (ဝစီပိတ်ဆရာတော်) အားဖူမျှော်ကြည်ညို၍ သင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် ကျိုင်းတုံ မဟာမြတ်မုနိဘုရားတွင် ပန်း၊ ဆီမီး၊ ရွှေသင်္ကန်းကပ်လှူပူဇော်ပြီး အလှူငွေများလှူဒါန်းခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ရေပေးဝေရေ စခန်းသို့ရောက်ရှိပြီးစခန်းတာဝန်ခံများက မြို့တွင်းရပ်ကွက်များရှိ ပြည်သူများအတွက် နမ့်အာချောင်းမှ ရေကို ရေစစ်ကန်အဆင့်ဆင့်ဖြင့် ရေသန့်စင်ပြီး … Read more

  • လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်၊ စကား တောင်ရပ်၊ အုတ်ကြားလမ်း၌ (၁၈-၉-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့် တစ်စိတ် တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၇,၀၀၀/-) ကျပ်အား (၂၁-၉-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #bgo_Sep2018

  • ကချင်ပြည်နယ်အတွင်းရှိ IDP စခန်းအသီးသီးမှ စခန်းတာဝန်ခံများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ မေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးသည်(၁၈-၉-၂၀၁၈) နှင့် (၁၉-၉-၂၀၁၈) ရက်နေ့တို့တွင် ဗန်းမော်ခရိုင်အတွင်း လူမှုရေးဝန်ကြီးခရီးစဉ်တွင်လိုက်ပါ၍ မိုးမောက်မြို့နယ်ရှိ ကက်သလစ်၊ နှစ်ခြင်း၊ မန္တလေးကျောင်းစခန်း (၃) ခုရှိ IDP စခန်းတာဝန်ခံများပြည်သူများနှင့်လည်းကောင်း၊ မံစီမြို့နယ် နှစ်ခြင်းကျောင်း၊ မိုင်းခေါင်(ကက်သလစ်)၊ မိုင်းခေါင် (နှစ်ခြင်း) စခန်းတာဝန်ခံများ ပြည်သူများနှင့်လည်းကောင်း ၊ဗန်းမော်မြို့နယ်ရှိ လီဆူးနှစ်ခြင်းဘော်ဒါ၊ နှစ်၂၀၀၀ (အာရ်စီ)၊ ရောဘတ်ကျောင်း၊ ထွယ်ဆန်ကျောင်းနှစ်ခြင်း၊ ရိုးကြီးရွာမကျောင်း၊ နန့်လှိုင်ဖန်းခါးကုန်းစခန်းတာဝန်ခံများပြည်သူများနှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး ကချင်ပြည်နယ်တွင်ငြိမ်းချမ်းရေးကိုဖော်ဆောင်၍ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြုသဘောဆောင်၍ … Read more

  • မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့အလှူငွေပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ သရဝေါ်ကျေးရွာ၌ (၁၇-၉-၂၀၁၈) ရက်နေ့၊ (၁၀း၃၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် ဘုန်းတော်ကြီး ကျောင်း အတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်အား (၂၀-၉-၂၀၁၈) ရက်နေ့၊ (၁၄း၃၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ha_fir #krn_Sep2018

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တာဝန်ရှိသူများသည် (၂၁.၉.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ အလက (၁၁) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၂၀၀) ဦးတက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်း စာစောင် ဝေငှပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_Sep2018

  • မြေပြိုဘေးအသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၈) ရက်နေ့တွင် ကော့သောင်း မြို့နယ်၊ ဘုရင့် နောင်တံတားရှေ့ မြို့မပန်းခြံအနီးအနား၌ မြေပြိုဘေးအသိပညာပေးဆိုင်းဘုတ်အား စိုက်ထူခဲ့ကြောင်းသတင်း ရရှိပါ သည်။ Source:ကော့သောင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar_rbe #tny_Sep2018

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နည်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့ အထက (၇) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား /သူ (၄၀၀) ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်ဝေငှပေးခြင်းများကို ဆောင်ရွက် ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source:ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_Sep2018

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နည်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၉-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် တောင်ကြီးမြို့ အလက (၁၂) ကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား /သူ (၃၀၀) ဦး တက်ရောက်ခဲ့ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ နံရံကပ်ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:ရှမ်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #shn_Sep2018

Sign Up

Upcoming Events