Author Archives: Hlaing ChoOo

  • ကမ်းပြိုဘေးကြောင့်ပြောင်းရွှေ့နေအိမ်အတွက်ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကောင်းစင့်ကျေးရွာအုပ်စု၊ ကောင်းစင့်ကျေးရွာ၌ (၅-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးပြို ပြောင်းရွှေ့အိမ်ထောင်စု (၁) စု၊ လူဦးရေ (၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၄,၇၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၁၃-၇-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းဖြတ်မြို့နယ်၊ မိုင်းဟဲကျေးရွာအုပ်စု၊ ရှေခင် (၁) ကျေးရွာ၌ (၁၁-၇-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၁) မျိုးနှင့် လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၉,၄၀၀/-) ကျပ်တို့အား (၁၂-၇-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ) … Read more

  • ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၉) ရက်နေ့၊ (၀၉း၀၀) အချိန်မှ (၁၁း၀၀) နာရီအချိန်အထိ တာလေမြို့၊ အခြေခံပညာ မူလွန်ကျောင်း၊ ပန်ချီဟတ်၌ ကျောင်းသား/သူ စုစုပေါင်း (၁၀၀) ဦးအား ငလျင်ဘေးနှင့် အခြားဘေးများအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးဌာန၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းတာဝန်များ၊ ဘေး (၈) မျိုး ဆောင်ရန်/ရှောင်ရန်များ၊ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်တွေ့ဆောင်ရွက်စေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် ဗီနိုင်းပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: … Read more

  • ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်မှုသတင်း

    ခန္တီးခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌမှ ခန္တီးအခြေစိုက် စစ်ဗျူဟာမှူး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ခန္တီးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတို့နှင့်အတူ ခန္တီးခရိုင်အတွင်း ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၂-၇-၂၀၁၉) ရက်နေ့ (၁၀း၃၀) နာရီအချိန်တွင် ပြုလုပ်ခဲ့ပါသည်။ အစည်းဝေးပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြည့်တင်းပေးပို့ထားသည့် ထောက်ပံ့ရေးပစ္စည်းများ စစ်ဆေးခြင်း၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် အုပ်ချုပ်ထောက်ပံ့မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုမည့် speed boat နှင့် စက်လှေတို့အား စစ်ဆေးခြင်း ရေဘေးသင့်ပြည်သူများ ပြောင်းရွှေ့ရမည့် ကယ်ဆယ်ရေးစခန်းများ စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ ခန္တီးမြို့ရှိ ချင်းတွင်းမြစ်ရေသည်( … Read more

  • ရေဘေးအသိပညာပေးဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၉) ရက်နေ့တွင် ဧရာဝတီမြစ်ရေသည် (၉၅၆) စင်တီမီတာသို့ ရောက်ရှိနေပြီး ကသာမြို့၏ စိုးရိမ်ရေမှတ် (၁၀၄၀) စင်တီမီတာသို့ နီးကပ်နေပြီဖြစ်ပါသဖြင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက်နေထိုင်ကြသည့် ကျေးရွာများအား ရေဘေးအန္တရာယ်သတိပြုနေထိုင်ကြပါရန် လိုက်လံသတိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပြန်ဆက် ဦးစီးဌာန၊ online ချစ်သူ ပရဟိတအဖွဲ့များနှင့်အတူ ဆောင်ရွက်ခဲ့ပြီး ကသာမြို့၊ အထ.က (၁) ကျောင်းရှေ့ရှိ အသိပညာပေးဆိုင်းဘုတ်အစား ရေဘေးအသိပညာပေးဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: … Read more

  • ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ဖျက်သိမ်း ဘုန်းတော်ကြီးကျောင်းနှင့် အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၇-၂၀၁၉) ရက်နေ့တွင် ချင်းတွင်းမြစ်ရေ တိုက်စား မှုကြောင့် ညောင်ဝန်းကျေးရွာမှ ကြိုတင်ဖျက်သိမ်းအိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၁) ဦးနှင့် ဘုန်းတော်ကြီး ကျောင်း (၁) ကျောင်းတို့အတွက် ထောက်ပံ့ငွေ (၃၂၃,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၂) အိမ်ထောင်စာတို့အား (၁၂-၇-၂၀၁၉) ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ဘစမ) … Read more

  • ရေဘေးကြိုတင်ကာကွယ်ရေးဗီနိုင်းပိုစတာဆိုင်းဘုတ် စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၁၂-၇-၂၀၁၉) ရက်နေ့တွင် ကလေး-ကလေးဝလမ်းဘေး ဆေးရုံဝန်းရှေ့တွင် စိုက်ထူထားသော လေဘေးကြိုတင်ကာကွယ်ရေးဗီနိုင်းအစား ရေဘေးကြိုတင် ကာကွယ် ရေးဗီနိုင်းအား ပြောင်းလဲစိုက်ထူပြီးဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_jul2019

  • ရေဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ် စိုက်ထူမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၇-၂၀၁၉) ရက်နေ့တွင် မင်းကင်း-မုံရွာ ကားလမ်း နှင့် ကလေး-ပေါက်အိုင်လမ်းဆုံ၌ ရေဘေးအသိပညာပေးဗီနိုင်းပိုစတာဆိုင်းဘုတ်အား ပြောင်းလဲစိုက်ထူခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #sgg_jul2019

  • ထောက်ပံ့မှုလုပ်ငန်းများဆောင်ရွက်မှုသတင်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နတ်မြောင်းကျေးရွာအုပ်စု၊ နတ်နန်းကျေးရွာ ကမ်းပါး များကို မြစ်သာမြစ်ရေတိုက်စားခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ပီနံအိတ် (၁တင်းခွဲဆံံ့) အလုံးရေ (၁၇,၀၀၀/-) ဝယ်ယူရန်အတွက် ထောက်ပံ့ငွေ (၂,၅၅၀,၀၀၀/-) ကျပ်တိတိအား ကလေးမြို့နယ်စီမံ ခန့်ခွဲမှုကော်မတီဥက္ကဌ၊ ကလေးမြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၁၂-၇-၂၀၁၉) ရက်နေ့၌ ကလေးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌရုံးခန်းတွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_fld #sgg_jul2019

Sign Up

Upcoming Events