Author Archives: Hlaing ChoOo

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အကြောင်းအရာများအား အသိပညာပေး ခြင်းများ ဆောင်ရွက်မှုသတင်

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့ (၁၃:၀၀) အချိန်မှ (၁၄:၂၀) နာရီအချိန်အထိ ကျောက်ဖြူမြို့နယ်၊ ရခိုင်ပိုက်ဆိပ်ရပ်ကွတ်တွင် COVID-19 ရောဂါ နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရန် လက်ကမ်း စာစောင် များဖြန့်ဝေပေးခြင်း၊ Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #rke_mar2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဆောင်ဘုံကျေးရွာအုပ်စု၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ နှင့်အတူ (၂၉-၃-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ကျေးရွာ/ ရပ်ကွက် နေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_mar2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ခေနန်‌ကျေးရွာအုပ်စု၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့်အတူ (၂၉-၃-၂၀၂၀)ရက်နေ့၌ (၁၂:၃၀) နာရီအချိန်တွင် လက်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွား လျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်ပြီး ကျေးရွာ/ရပ်ကွက် နေပြည်သူတို့အား အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #ayy_mar2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့(၀၈:၃၀)မှ စတင်ပြီး ဆင်ပေါင်ဝဲမြို့နယ်၊ လယ်ကျိုးကျေးရွာအုပ်စု၊ လယ်ကျိုးကျေးရွာ၊ ရွာသစ်ကျေးရွာ၊ မကြီးစမ်း ကျေးရွာတို့တွင် သုံးဘီးဆိုင်ကယ်ဖြင့်အသံချဲ့စက်များတင်ဆောင်ကာ COVID -19 ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးလုပ်ငန်းများအားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mgy_mar2020

  • COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၅:၀၀) နာရီအထိ မော်လမြိုင်မြို့နယ်ရှိ တောင်ဝိုင်းရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ ကျိုက်မရော မြို့နယ်ရှိ ရေတွင်းကုန်းကျေးရွာ၊ ပိန္နဲကုန်းကျေးရွာများသို့ လှည့်လည်ပြီး COVID-19 ကူးစက်ရောဂါနှင့် ပတ်သတ်၍ ဆောင်ရန်၊ ရှောင်ရန်တို့ကို ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်မျှဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_mar2020

  • ပေါက်မြို့ အဝင်/အထွက်ယာဉ်လိုင်းများအား COVID 19 နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၃-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၃၀) အချိန်မှ (၁၆:၀၀) နာရီအချိန်အထိ ပေါက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပေါက်မြို့အဝင်ပေါက် ပခုက္ကူ လမ်းမကြီးတွင် ပေါက်မြို့ အတွင်းသို့ အဝင်/အထွက် ယာဉ်လိုင်းများတွင် စီးနင်းလိုက်ပါသော ခရီးသည်များအား COVID 19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေး ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း … Read more

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအားအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်မေတ္တာလေညှင်းလူမှုကူညီရေးအဖွဲ့တို့နှင့်ပူးပေါင်းပြီး (၂၈-၃-၂၀၂၀)ရက်နေ့ (၁၈:၀၀)အချိန်၌ မိုးညှင်းမြို့၊ မြို့မရပ်ကွက်၊ အရှေ့စုရပ်ကွက်၊ အောင်သပြေရပ်ကွက်နှင့် ရွာသစ်ကုန်းရပ်ကွက်တို့တွင် လှည့်လည်ပြီး COVID-19ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုသိရှိစေရန်အတွက် ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #kcn_mar2020

  • မီးဘေးထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြဝတီရပ်ကွက်၌ (၁၅-၃-၂၀၂၀) ရက်နေ့၊ (၀၁:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၉) လုံး၊ အိမ်ထောင်စု (၈) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၈) အိမ်ထောင်စာနှင့် လူဦးရေ (၃၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၆၇,၂၀၀/-) ကျပ်တို့အား (၁၅-၃-၂၀၂၀) ရက်နေ့၊ (၁၅:၁၅) နာရီအချိန်တွင် … Read more

Sign Up

Upcoming Events