သဘာဝဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးပွဲများ

ရပ်ရွာအခြေပြုသဘာ၀ဘေးလျော့ပါးရေးအသိပညာပေးဆွေးနွေးပွဲ

၁။ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှဦးစီး၍ ရပ်ရွာအခြေပြု သဘာ၀ဘေးစီမံခန့်ခွဲမှု သင်တန်းများပြုလုပ်ခဲ့ရာ (၂၆-၆-၂၀၁၄)နေ့တွင် ဇလွန်မြို့နယ်၊ သဖန်းကုန်းကျေးရွာ၌ သဖန်းကုန်းကျေးရွာ အုပ်စု၊ ကျေးရွာ(၇)ရွာမှ ရပ်ရွာပြည်သူ(၄၁)ဦးနှင့် လမိုင်းကျေးရွာအုပ်စု၊ ကျေးရွာ(၈)ရွာမှ ရပ်ရွာပြည်သူ (၂၅)ဦး စုစုပေါင်း(၆၆)ဦးတို့အား ရပ်ရွာပြည်သူများသဘာ၀ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များဆွေးနွေးခဲ့ပြီး၊ ရပ်ရွာပြည်သူများကိုယ်တိုင်ပါ၀င်‌ေသာ ကျေးရွာအခြေအနေဆန်းစစ်ခြင်း၊ ကျေးရွာ မြေပုံရေးဆွဲခြင်း၊ အားသာချက်၊ အားနည်းချက်များဆန်းစစ်ပြီး ဖြေရှင်းမည့်နည်းလမ်းများဆွေးနွေးခြင်းနှင့် ကျေးရွာသဘာ၀ဘေးစီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းမှုနှင့်တာ၀န်များကို ဆွေးနွေးပို့ချခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲများတွင် လက်ကမ်းစာစောင်၊ မုန်တိုင်းဘေးနှင့် ရေဘေးအသိပညာပေးဇာတ်လမ်း(DVD)များ‌ ေ၀ငှခဲ့ပါသည်။

 

၂။ ထိုသို့ပြုလုပ်ခြင်းဖြင့် ရပ်ရွာအတွင်း သဘာ၀ဘေးအန္တရာယ််ကြောင့် ဆုံးရှုံးမှုလျော့နည်းစေရေး လုပ်ငန်းများတွင် ရပ်ရွာပြည်သူများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Sign Up

Upcoming Events