ဘားအံမြို့နယ်၊ အ.လ.က(ခွဲ) (မဲဘောင်) စာသင်ကျောင်း၌ အယ်လ်နီညိုဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် ပူးပေါင်း၍  (၂၆-၁၁-၂၀၂၆) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ (၁၁း၃၀)နာရီအချိန်ထိ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊အ.လ.က(ခွဲ) (မဲဘောင်) စာသင်ကျောင်း၌  ဆရာမ(၂)ဦး၊ ကျောင်းသား (၅၀)ဦး၊ ကျောင်းသူ (၆၀)ဦး၊  စုစုပေါင်းလူဦးရေ (၁၁၂)ဦးတို့အား အယ်လ်နီညိုဖြစ်စဉ်ကြောင့် ကြုံတွေ့လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့်လက်ကမ်းစာစောင်များ​ဝေငှ ပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#kyn _nov_2026

Source: ဘားအံခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events