ကရင်ပြည်နယ်ရှိ ယာယီရေဘေးစခန်းများ၌ နေထိုင်သူများအား ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့နှင့် ဝန်ထမ်းများ၊  ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်  ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးသည် (၁.၉.၂၀၂၆) ရက်​နေ့၌  ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းတွင် ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥတို့ကို အိမ်ထောင်စု (၂၁၂)စု၊ လူဦးရေ (၉၄၈)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၄,၇၄၀,၀၀ဝိ/-)အားလည်းကောင်း၊ ရွှေယဉ်မျှော် ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းတွင် အိမ်ထောင်စု (၁၄၁)စု၊ လူဦးရေ (၇၁၅)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၃,၅၇၅,၀၀ဝိ/-)အားလည်းကောင်း၊ လေသာဘုန်းကြီးကျောင်း ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၄၁)စု၊ လူဦးရေ (၁၈၆)ဦးအတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၉၃၀,၀၀ဝိ/-)အားလည်းကောင်း၊ အထက(၃) ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၂၀၂)စု၊ လူဦးရေ (၈၉၄)ဦး အတွက် (၇)ရက်စာ ဆန်ရိက္ခာ ဖိုးငွေ (၄,၄၇၀,၀၀ဝိ/-) အားလည်းကောင်း၊   ပြည်နယ်ကမ္မဌာန်းကျောင်း ယာယီရေဘေးကယ်ဆယ်ရေဘေးစခန်းတွင် အိမ်ထောင်စု (၆၃)စု၊ လူဦးရေ (၂၇၄)ဦး အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးငွေ (၁,၃၇၀,၀၀ဝိ/-)အားလည်းကောင်း၊ အစ္စလာမ်ဗလီ ယာယီရေ ဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု (၂၁)စု၊ လူဦးရေ (၈၆)ဦးအတွက် (၇)ရက်စာ ဆန် ရိက္ခာဖိုးငွေ (၄၃၀,၀၀ဝိ/-)အားလည်းကောင်း၊ (၂.၉.၂၀၂၆) ရက်နေ့၊ (၁၆:၃၀)နာရီအချိန်တွင် ရေဘေး သင့်ပြည်သူများအား လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#kyn_sep_2026

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

 

Sign Up

Upcoming Events