မြောင်းမြခရိုင်ရှိ ရပ်ကွက်(၁၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၈)အုပ်စု၌ သဘာဝဘေးအသိပညာပေး ဟောပြောမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၂၆) ရက်နေ့၊ နံနက်( ၀၈ : ၀၀)နာရီမှ (၀၉:၅၀)နာရီအထိ ရပ်ကွက်(၁၆)ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၈)အုပ်စု၊ စုစုပေါင်း (၁၁၄) ခု မှ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား  ပြန်လည်ရွေးချယ်ဆောင်ရွက်ပြီးဖြစ်ရာ  အဆိုပါ ပြန်လည်ရွေးချယ်ပြီးသော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းခွင်မွမ်းမံသင်တန်းဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ရာ မြောင်းမြမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ( ၈၂) ဦးတို့ အား  ဦးစီးဌာနမှ လုပ်ငန်း ဆောင်ရွက် နေမှုများ၊ ထောက်ပံ့ပေးမှု များ၊  သဘာဝဘေးနှင့် ပတ်သက်သည့်  ဆောင်ရန်/ ရှောင်ရန်များ၊ မီးခိုး ညစ်ညမ်းမှုအကြောင်း၊ တောမီးအန္တရာယ်အကြောင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုအကြောင်း ဆောင်ရန်/ ရှောင်ရန်အချက်များနှင့် ယခုလတ်တလောဖြစ်ပွားလျက်ရှိသော ရေဘေးနှင့် မိုးကြိုးဘေး အပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန် အချက်များအား ဒုတိယညွှန်ကြားရေးမှူး၊ ဒေါ်ဇင်ဝင်းမော်မှ ဦးဆောင်၍ ဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း  သတင်းရရှိပါ သည်။

#ar

#ayy_sep_2026

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events