လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့ (၂၇-၈-၂၀၂၆)ရက်နေ့တွင် ထပ်တိုး ရောက်ရှိလာသည့် အိမ်ထောင်စု(၄)စု၊ လူဦးရေ ကျား(၂၂)ဦး၊ မ(၂၀)ဦး၊ စုစုပေါင်း(၄၂)ဦးတို့အတွက် (၇)ရက်စာဆန်ရိက္ခာဖိုးငွေ(၂၁၀,၀၀ဝိ/-)အား (၂၇-၈-၂၀၂၆) ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ကော့ကရိတ် ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ချိတ်ဆက်ပြီး ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။
#ha_fld
#kyn_aug_2026
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး