ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းတွင် ရေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းသို့ ထပ်တိုးရောက်ရှိလာသည့် အိမ်ထောင်စု (၇၉) စု၊ လူဦးရေ ကျား (၁၃၆) ဦး၊ မ (၁၅၉) ဦး၊   စုစုပေါင်း (၂၉၅) ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုး ထောက်ပံ့ ငွေ(၁,၄၇၅,၀၀ဝိ/-)အား (၂၅-၈-၂၀၂၆)ရက်နေ့၊ (၁၅:၀၀)အချိန်တွင် ကော့ကရိတ်ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး‌ကော်မတီနှင့် ချိတ်ဆက်ပြီး ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#‌kyn_aug_2026

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events