လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူသည် (၂၅-၈-၂၀၂၆) ရက်နေ့၊ ညနေ (၁၅:၃၀) အချိန်တွင် ကြာအင်းဆိပ်ကြီးမြို့ရှိ ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်း(၃)ခုမှ အိမ်ထောင်စု(၂၂၈)စု၊ လူဦးရေ ကျား (၄၈၂)ဦး၊ မ(၅၆၅)ဦး၊ စုစုပေါင်း (၁၀၄၇)ဦးတို့အတွက် (၇)ရက်စာ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅,၂၃၅,၀၀ဝိ/-)အား ကြာအင်းဆိပ်ကြီးခရိုင်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအဖွဲ့တို့နှင့်အတူ ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#kyn_aug_2026
Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး