မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာအုပ်စု၊ ပကိတ်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာအုပ်စု၊ ပကိတ်ကျေးရွာတွင် (၂၈-၄-၂၀၂၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၂၃)လုံး အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၄,၃၀၀,ဝဝဝိ/-)၊ အိမ်ထောင်စု(၂၃)စုမှ လူဦးရေ (၆၆) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၀,၀ဝ၀/-)၊ စုစုပေါင်းရန်ပုံငွေ (၄,၆၃၀,၀၀ဝိ/-) နှင့် ကာလတန်ဖိုးငွေ (၂,၈၉၆,၈၅၄/-)ရှိ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (စက္ကူပုံး)ပါ (၂၃)ပုံး အား (၂၉-၄-၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်တွင်  မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမောင်မောင်ဦးဆောင်၍  မြောင်းမြမြို့ နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပကိတ်ကျေးရွာရှိ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#ayy_may_2026

Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events