ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်း‌ကျေးရွာအုပ်စု၊ စည်သာ‌အေးကျေးရွာ၌ (၂၅.၄.၂၀၂၆)ရက်နေ့ (၁၇း၃၀)အချိန်ခန့် တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီး နေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀၀,၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့‌ငွေ (၃၀၀,၀၀ဝိ/-)တို့အား (၂၆.၄.၂၀၂၆)ရက်နေ့၊ (၁၃း၀၀)အချိန်တွင်၊ မောင်းရမ်း‌ကျေးရွာအုပ်စု၊ စည်သာအေး‌ကျေးရွာဓမ္မာရုံ၌ နေပြည်တော်ကောင်စီဝင် ဦးထွန်းထွန်း၊‌ ဘေး/စီမံ နေပြည်တော်တိုင်းဦးစီးမှူး ဦးစဝီလီဖရန့်၊ ဥတ္တရသီရိမြို့နယ် အ‌ထွ‌ထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်း၊ ‌ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ လက်ဝယ်သို့  သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#npw_apr_2026

Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events