လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦး စီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ပိုးစာတောကျေးရွာတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံ ပြင်ဆင်နိုင်ရန်အိမ်ထောင်စု (၃၆)လုံးအား ဥတ္တရခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ အိမ်ထောင်စုအလိုက် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများအား (၂၂.၃.၂၀၂၆)ရက်နေ့၊ (၁၀း၀၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက် ထောက်ပံ့ခဲ့ပြီး နေ့လည် (၁၁:၀၀)အချိန်မှ (၁၂:၃၀)အချိန်ထိ ပိုးစာတောကျေးရွာတွင် ကျေးရွာသူ/သား (၃၀)ဦးတို့အား ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ် များနှင့် ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar_sgw
#npw_mar_2026
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး