လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦး စီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မိုးစွေကျေးရွာအုပ်စု၊ (မိုးစွေ၊ လဲဝန်း၊ လွင်သာယာ)ကျေးရွာများတွင် လေပြင်းဘေးဒဏ်ခံနိုင်ရေးအတွက် အားဖြည့်မွမ်းမံပြင်ဆင်နိုင်ရန် အိမ်ထောင်စု(၁၀၀)လုံးအား ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများမှ အိမ်ထောင်စုအလိုက် လိုအပ်သည့် ထောက်ပံ့ပစ္စည်းများအား (၂၁.၃.၂၀၂၆)ရက်နေ့၊ (၁၀း၀၀) အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပြီး နေ့လည် (၁၁:၀၀)အချိန်မှ (၁၂:၃၀)အချိန်ထိ မိုးစွေကျေးရွာအုပ်စု၊ လွင်သာယာကျေးရွာတွင် ကျေးရွာသူ/သား (၃၀)ဦးတို့အား ရာသီအလိုက် ဖြစ်ပွားတတ်သောသဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ရှောင်ရန်အချက်များအသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar_sgw
#npw_mar_2026
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး