ဇမ္ဗူမြိုင်စာသင်တိုက်တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၃-၂၀၂၆)ရက်နေ့၊ (၁၆:၀၀) နာရီအချိန်မှ (၁၇:၃၀) နာရီအချိန်ထိ ဇမ္ဗူမြိုင်စာသင်တိုက်၌ ဆရာလေး (၁၅၀) ဦးတို့အား မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် ရက်သတ္တပတ် အကြိုလှုပ်ရှားမှုအနေဖြင့် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဆရာလေးများအား ဘေး (၉) မျိုး လက်ကမ်းစာစောင် (၁၅၀) စောင်အားလည်းကောင်း၊ စာသင်တိုက်ဝင်းအတွင်း ကပ်နှံနိုင်ရေးအတွက် (၄x၅)ပေ ငလျင်ဘေးဗီနိုင်းပိုစတာအားလည်းကောင်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#‌kyn_mar_2026

Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး

Sign Up

Upcoming Events