လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၃-၂၀၂၆)ရက်နေ့၊ (၀၉:၀၀)အချိန်မှ (၁၁:၀၀)အချိန်ထိ ကော့ကသောင်ကျေးရွာ၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု (၁)နှစ်ပြည့် ရက်သတ္တပတ် အကြိုလှုပ်ရှားမှုအနေဖြင့် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန်အချက်များကို ကျား (၃၅) ဦး၊ မ (၆၅) ဦး၊ စုစုပေါင်း (၁၀၀) ဦးတို့အား အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ကျေးရွာသူ/သား များအား မီးဘေး၊ ရေဘေး၊ ငလျင်ဘေးလက်ကမ်းစာစောင် (၁၀၀)စောင်၊ ကျေးရွာအတွင်း ကပ်နှံနိုင် ရေးအတွက် (၄x၅)ပေ ငလျင်ဘေးဗီနိုင်းပိုစတာ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#kyn_mar_2026
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး