လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ၁၅-၆-၂၀၂၅ ရက်နေ့၊ (၁၆:၄၅) နာရီအချိန်တွင် သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ သိုက်တူးကန်ကျေးရွာအုပ်စု၊ သိုက်တူးကန်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲနေအိမ် လုံး၀ပျက်စီးအိမ်ခြေ (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀ဝိ/-)၊ တစ်စိတ်တစ်ပိုင်း ပျက်စီးအိမ်ခြေ (၁၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၆၅၀၀၀ဝိ/-)၊လူဦးရေ(၆၂)ဦးအတွက်ဆန်ရိက္ခာဖိုး(၃၁၀၀၀ဝိ/-)၊စုစုပေါင်းထောက်ပံ့ငွေ(၁၃၆၀၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၄)အိမ်ထောင်စုစာတို့အား ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ၀န်ကြီးချုပ်ခရီးစဉ်တွင် ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ၁၆-၃-၂၀၂၆ ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#npw_mar_2026
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)