လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁.၂.၂၀၂၆)ရက်နေ့တွင်တပ်ကုန်းမြို့နယ်၊ ကျောက်စရစ်ကုန်းနှင့် ထုံးဖိုကျေးရွာအုပ်စု၊ ကျေးရွာ(၆)ရွာတို့တွင်ဖြစ်ပွားခဲ့သော လေပြင်းဘေး ကြောင့်၊ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့်နေအိမ်(၅၀)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀၀၀၀၀ိ/-)အား (၂၂.၂.၂၀၂၆)ရက်နေ့၊(၀၉း၃၀)အချိန်တွင် တပ်ကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌တပ်ကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊နေပြည်တော်တိုင်းဦးစီးမှူးရုံး မှတာဝန်ရှိသူများနှင့်အတူဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#npw_feb_2026
#Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)