လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ဥတ္တရခရိုင်၊တပ်ကုန်းမြို့နယ်ရှိအေးချမ်းသာစံပြကျေးရွာ၌ (၂၃.၂.၂၀၂၆)ရက်နေ့၊(၁၀:၀၀)အချိန်တွင်လေပြင်းဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာအားဖြည့်ဆောင်ရွက်ရေးလုပ်ငန်းစီမံချက်ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ပြီးအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်၊ ညွန်ကြားရေးမှူးချုပ်များ၊ တိုင်းဦးစီးမှူးရုံးနှင့် ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ပြီး တက်ရောက်လာသော အိမ်ထောင်စုများအား Hygiene Kits (၁၀၀)ပုံးတို့ကိုဝေငှပေး အပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#prep_sgw
#npw_mar_2026
#Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)