လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ညောင်ကိုင်းကျေးရွာအုပ်စု၊ မြောက်ရွေးစုကျေးရွာ၌ (၂၈-၂-၂၀၂၆)ရက်နေ့(၁၂း၁၅) အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးခဲ့သော လူနေအိမ် (၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-)ကျပ်၊ ဘေးသင့်လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၅၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၅၀၀ဝိ/-)ကျပ်တို့အား (၁-၃-၂၀၂၆)ရက်နေ့၊ (၁၃း၀၀)အချိန်တွင် မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#npw_mar_2026
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး(ဘစမ)