လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၅-၂-၂၀၂၆ ရက်နေ့ (၀၉း၃၀)အချိန်မှ (၁၀:၃၀)နာရီအထိ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ သီလရှင်လေးများ၊ အဘိုးအဘွား (၅၀) ဦးနှင့် ဆရာမ (၁၅) ဦး၊ ဝန်ထမ်း(၂၀)ဦးတို့အား သဘာဝဘေး အသိပညာပေးဆွေးနွေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
# ar
#ygn_Feb_2026
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)