လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘားအံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘားအံမြို့နယ်အတွင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများအတွက် (၂၃.၂.၂၀၂၆)ရက်နေ့တွင်ဘားအံမြို့၊အမှတ်(၁၊၂၊၃၊၄၊၅၊၆၊၇၊၈၊၉)ရပ်ကွက်မှ အိမ်ထောင်စု (၁၁၅၉)စု၊လူဦးရေ(၄၈၈၄)ဦးတို့အား (၇)ရက်စာ ဆန်ဖိုးငွေ (၂၄၄၂၀၀၀ဝိ/-)အား မိုးလုံလေလုံအားကစားရုံ၌ လည်းကောင်း၊ ကော့ထော်ကျေးရွာ၊ ဘားကပ်ကျေးရွာ၊ ဖဲကတာကျေးရွာ၊ ရဲသာကျေးရွာ၊ ဝင်းကျန်ကျေးရွာ၊ ကျုံစောင့်ကျေးရွာ၊ တော်ပုံကျေးရွာ၊ ရွှေတောကျေးရွာ၊ ဖအွံကျေးရွာ၊ လှာကာကျေးရွာ၊ ခရား(အတွင်း)ကျေးရွာ၊ ကော့လှိုက်ကျေးရွာ၊ ကော့ရင်း (အောက်) ကျေးရွာ၊ နောင်ထလုံးကျေးရွာ၊ တရုတ်လှ(ကော့ကျိုက်)ကျေးရွာ၊ ခရား (အပြင်) ကျေးရွာ၊ ဇာသပြင်(အရှေ့)၊ဇာသပြင်(အနောက်)ကျေး ရွာ၊ ကော့ထမ္မလိန်းကျေးရွာ၊ ဌာနဆိုင်ရာများမှ အိမ်ထောင်စု(၇၉၈)စု၊ လူဦးရေ(၂၆၀၄)ဦးတို့အတွက် (၇) ရက်စာ ဆန်ဖိုးငွေ(၁၃၀၂၀၀၀ဝိ/-)အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ လည်းကောင်း၊ တပ်ရင်း/တပ်ဖွဲ့ မှ အိမ်ထောင်စု(၁၁၆၃)၊လူဦးရေ (၂၆၃၄)ဦး တို့အတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၁၃၁၇၀၀၀ဝိ/-)အားစစ်သည်ခန်းမ၌လည်းကောင်း၊ (၂၃.၂.၂၀၂၆)ရက်နေ့တွင် ယာယီတိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#otr
#kyn_feb_2026
#Source: ဘားအံခရိုင်ဦးစီးမှူးရုံး(ဘစမ)