လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၂၆)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ ဘားအံမြို့၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျာင်း၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား မီးခိုးမြူငွေ့အန္တရာယ်၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ၊ လက်ကမ်းစာစောင်များ ဝေငှခြင်းများ၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#kyn_feb_2026
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး