လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံမှ တာဝန်ရှိသူများသည် (၂၈-၁-၂၀၂၆) ရက်နေ့ (၀၉:၃၀) အချိန်ခန့်တွင်လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၊ကျောက်ကုဒင်ကျေးရွာအုပ်စု၊ကမာနိဗ္ဗာန်ကျေးရွာတွင် မီးလောင် ကျွမ်းမှုကြောင့် အိမ်ထောင်စု (၂)စု၊ အိမ်ခြေ(၂)လုံး (လုံးဝပျက်စီး)၊ လူဦးရေ(၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၂၀၀၀၀/-) ၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀၀၀၀/-)၊ စုစုပေါင်း ထောက်ပံ့ငွေ (၄၂၀၀၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါပုံး(၂)ပုံးတို့အား (၂-၂-၂၀၂၆)ရက်နေ့၊ (၁၅:၃၅) နာရီအချိန်တွင် ဘေးသင့်ပြည်သူများ ၏ လက်ဝယ်အရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#fir
#ygn_jan_2026
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး