သဘာဝဘေး အသိပညာပေးလိုက်လံနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၁၁.၂၀၂၅ )ရက်နေ့၊ နံနက် (၉း၃၀)အချိန်မှ (၁၂း၀၀)အချိန်ထိ  ဥတ္တရသီရိမြို့နယ်၊သရက်‌တောကျေးရွာအုပ်စု၊ အ.ထ.က (သရက်တော) တွင် ကျောင်း သားကျောင်းသူ  (၂၅၀) ဦးနှင့် ဆရာဆရာမ (၁၅)ဦးတို့အား ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန်/ ရှောင်ရန်များအား အသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့၍ လက်ကမ်းစာစောင်နှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေခဲ့ပြီး၊ နေ့လည်(၁၃:၀၀)အချိန်မှ (၁၆:၀၀)အချိန်အထိ ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၊ မသိမ်ကျေးရွာ၊ ပိုးစာတောကျေးရွာများတွင် ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သတ်၍ ဆောင်ရန် ရှောင်ရန်များအား လှည့်လည်နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

# ar

#‌naypyitaw_November_2025

Source: ဥတ္တရဦးစီးမှူးရုံး (ဘစမ)

 

 

Sign Up

Upcoming Events