ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၅) ရက်နေ့တွင် လပွတ္တာမြို့ပေါ်ရှိ ရပ်ကွက်များ၊ လူစည်ကားရာဈေးများနှင့် သင်္ဘောဆိပ်များ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လှည့်လည်နှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဝေငှခြင်းများအား ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ၊ ခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာန၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#‌ayy_nov_2025

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး

Sign Up

Upcoming Events