လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၁၀-၂၀၂၅)ရက်နေ့၊ (၁၀:၀၀)အချိန်မှ (၁၂:၀၀) အချိန်ထိ ဘားအံမြို့၊ မဟာမြကျွန်း သာကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဆရာ/ဆရာမ(၁၀)ဦး၊ကျောင်းသား/သူ (၁၂၄)ဦး၊ စုစုပေါင်း(၁၃၄)ဦးတို့အား သဘာဝ ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး အသိပညာပေးလက်ကမ်းစာစောင်များအား ကျောင်းသား/သူများထံ ဝေငှ ခြင်းအားလည်းကောင်း၊ ကျောင်းဝန်းကျင်အတွင်း ကပ်နှံနိုင်ရေးအတွက် မီးဘေးအသိပညာပေး (၄x၅)ပေ ဗီနိုင်းပိုစတာအား လည်းကောင်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#krn_nov_2025
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)