လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ အရှေ့ မြောက်ဘက်၊ ရွှေလောင်းကျေးရွာအုပ်စုနှင့် ကုန်းမိုင်(၇)မိုင်ခန့်အကွာ အထက်ပေကုန်းကျေးရွာအုပ်စု၊ အထက်ပေကုန်းကျေးရွာ၌ (၁၂-၇-၂၀၂၅)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့ ရသော လူနေအိမ် (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀,၀၀၀ိ/-)၊ အိမ်ထောင် စု (၇) စုမှ လူဦးရေ (၃၄) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၇၀,၀၀၀ိ/-) ၊ စုစုပေါင်းထောက်ပံ့ငွေ (၈၇၀,၀၀၀ိ/-) အား (၁၃-၇-၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်၊၊
#ha_rbe
#ayy_jul_2025
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး