လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၇-၂၀၂၅) ရက်နေ့၊ မွန်းလွဲ (၁၄:၀၀) အချိန်တွင် ဇေယျာသီရိမြို့နယ် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁,၄၆၂) အိမ်ထောင်စုအတွက် (၁) အိမ်ထောင်စုလျှင် ထောက် ပံ့ငွေ (၅၀,၀၀၀ိ/-)နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၇၃,၁၀၀,၀၀၀ိ/-)အား ဇေယျာသီရိခရိုင်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#eq
#npt_July_2025
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး