၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ရေကြီးခြင်းသတိပေးချက်”ကို အောက်ပါအတိုင်း ထုတ်ပြန် ထားပါသည်-
ယနေ့မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲကျော် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက် ၃၆ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။
သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ကြိုတင်သတိပြုနေထိုင်ပါရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
Source: DMH